ကျန်းမာရေး ဗဟုသုတ စုစည်းမူ့များ

http://popozaw.blogspot.com/

Wednesday 31 October 2012

သင့်ကျန်းမာရေးအတွက်အဆိုးဆုံးရန်သူမျိုး(၅)ပါး

သင့်ကျန်းမာရေးအတွက်အဆိုးဆုံးရန်သူမျိုး(၅)ပါး

by popozaw on 27.10.2012



အသားအရေနဲ့ပတ်သက်ပြီး လူတွေပြောကြတာတစ်ခုရှိပါတယ်။အသက်နှစ်ဆယ်အရွယ်မှာအမွေရထားတဲ့
အသားအရေ ၊ အသက်(၄၀)အရွယ်မှာ ကိုယ့်မှာရှိသင့်ရှိထိုက်တဲ့အသားအရေ ၊ အသက် (၆၀)မှာ
ကြိုးစားရယူထားတဲ့အသားအရေကို လူတွေပိုင်ဆိုင်ကြတယ်လို့ဆိုပါတယ်။ အကောင်းဆုံးအသားအရေနဲ့
မွေးဖွားခဲ့လာပေမဲ့ ကိုယ့်ရဲ့နေထိုင်မှုပုံစံက ကိုယ့်မှာရှိသင့်ရှိထိုက်တဲ့အသားအရေနဲ့ ကြိုးစားရယူထားတဲ့
အသားအရေဆိုတာ ဘယ်လိုလည်းဆိုပြီး ဆုံးဖြတ်ပေးပါတယ်။ အများစုဟာ ကိုယ့်ထိန်းချူပ်မှု
အောက်မှာပဲရှိတာမို့ သတိပြုသင့်ပါတယ်။

ကျန်းမာရေး နဲ. ယုံတမ်းစကား (၉)မျိုး

 ကျန်းမာရေး နဲ. ယုံတမ်းစကား (၉)မျိုး
by popozaw on 31.10.2012













၁။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတချို့ဟာ လူကို ဝစေနိုင်တယ်

ငှက်ပျောသီးဟာ အဆီဓာတ်များတဲ့အတွက် ဝစေနိုင်တယ်လို့ လူတော်တော်များများက ထင်ထားကြပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ ငှက်ပျောသီးမှာ အဆီဓာတ် တစ်ဂရမ်ဝက်လောက်ပဲပါရှိပြီး တခြားဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံအများစုဟာ အဆီဓာတ် အင်မတန်နည်းပါး တဲ့အတွက် ကျန်းမာရေးအတွက် အလွန်ကောင်းမွန်ပါတယ်။ ထောပတ်သီးကတော့ ခြွင်းချက်ပါ။ ထောပတ်သီးမှာ ကယ်လိုရီ ၃၀၀ ပါရှိပြီး အဆီဓာတ် ၃၀ ဂရမ်နီးပါးပါရှိတယ်။ ဒါပေမဲ့ ဒီအဆီဓာတ်ဟာ ကောင်းမွန်တဲ့ အဆီဓာတ်ဖြစ်တဲ့ အတွက်ရှောင်ဖို့မလိုပါဘူး။

ခရမ်းချဉ်သီးက လေဖြတ်နိုင်ခြေကို လျှော့ချနိုင်


ခရမ်းချဉ်သီးက လေဖြတ်နိုင်ခြေကို လျှော့ချနိုင်
By popozaw on 30.10.2012
Photo: ခရမ်းချဉ်သီးက လေဖြတ်နိုင်ခြေကို လျှော့ချနိုင်
 
ခရမ်းချဉ်သီးက လေဖြတ်နိုင်ခြေကို လျှော့ချနိုင်ခရမ်းချဉ်သီးဟာ လေဖြတ်နိုင်ခြေကို လျှော့ချနိုင်ကြောင်း လေ့လာမှု အသစ်အရ တွေ့ရှိခဲ့တာကို အာရုံကြောဆိုင်ရာ ဂျာနယ်မှာ ဖော်ပြထား ပါတယ်။ ခရမ်းချဉ်သီးမှာ လိုင်ကိုပင်းခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ များစွာပါဝင်ပါတယ်။

လေ့လာမှုအရ သွေးအတွင်း လိုင်ကိုပင်းပမာဏ များစွာရရှိသူတွေဟာ လိုင်ကိုပင်းပမာဏ နည်းစွာရရှိသူတွေထက် လေဖြတ်နိုင်ခြေ ၅၅ ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ရှိခဲ့ပါတယ်။ လေ့လာသူတွေက ဖင်လန်နိုင်ငံမှ အသက် ၄၆ နှစ် နဲ့ ၆၅ နှစ်ကြား အမျိုးသားပေါင်း ၁၀၃၁ ယောက်ကို ၁၂ နှစ်ကြာအောင် လေ့လာခဲ့ရာမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ တခြားဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ အယ်လ်ဖာကယ်ရိုတင်း၊ ဘီတာကယ်ရိုတင်း၊ အယ်လ်ဖာတိုကိုဖီရောနဲ့ ရက်တီနောတွေကိုလည်း လေ့လာမှုပြုခဲ့ပေမယ့် သူတို့တွေ ဟာ လေဖြတ်နိုင်ခြေနဲ့ ဆက်စပ်မှုမရှိကြောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။  

By Good Health 
Posted on Yoyarlay/health/31754-2012-10-23-06-45-53
ခရမ်းချဉ်သီးက လေဖြတ်နိုင်ခြေကို လျှော့ချနိုင်ခရမ်းချဉ်သီးဟာ လေဖြတ်နိုင်ခြေကို လျှော့ချနိုင်ကြောင်း လေ့လာမှု အသစ်အရ တွေ့ရှိခဲ့တာကို အာရုံကြောဆိုင်ရာ ဂျာနယ်မှာ ဖော်ပြထား ပါတယ်။ ခရမ်းချဉ်သီးမှာ
လိုင်ကိုပင်းခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ များစွာပါဝင်ပါတယ်။
လေ့လာမှုအရ သွေးအတွင်း လိုင်ကိုပင်းပမာဏ များစွာရရှိသူတွေဟာ လိုင်ကိုပင်းပမာဏ နည်းစွာရရှိသူတွေထက် လေဖြတ်နိုင်ခြေ ၅၅ ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ရှိခဲ့ပါတယ်။ လေ့လာသူတွေက ဖင်လန်နိုင်ငံမှ အသက် ၄၆ နှစ် နဲ့ ၆၅ နှစ်ကြား အမျိုးသားပေါင်း ၁၀၃၁ ယောက်ကို ၁၂ နှစ်ကြာအောင် လေ့လာခဲ့ရာမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ တခြားဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ အယ်လ်ဖာကယ်ရိုတင်း၊ ဘီတာကယ်ရိုတင်း၊ အယ်လ်ဖာတိုကိုဖီရောနဲ့ ရက်တီနောတွေကိုလည်း လေ့လာမှုပြုခဲ့ပေမယ့် သူတို့တွေ ဟာ လေဖြတ်နိုင်ခြေနဲ့ ဆက်စပ်မှုမရှိကြောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သွေးပေါင်ကျခြင်းမှ ကာကွယ်ဖို့

သွေးပေါင်ကျခြင်းမှ ကာကွယ်ဖို့
By စသစသဖတေ on 30.10.2012

Photo: သွေးပေါင်ကျခြင်းမှ ကာကွယ်ဖို့. . .

ခုတစ်လော မိုးရာသီဆိုပေမယ့် မိုးမရွာလို့ ရှိရင် အရမ်းပူပါတယ် အဲဒီတော့ ချွေးထွက်တွေများပြီး သွေးတိုးမရှိတဲ့ လူတွေ က သွေးပေါင်အရမ်းကျ ကျပါတယ်. . . သွေးတိုးရင်တော့ သွေးပေါင်ကျအောင် လုပ်ရသလို သွေးပေါင်ကျရင် လည်း သွေးပေါင်ပြန်တက်အောင် လုပ်လို့ရပါတယ်. . ဒါပေမယ့် မကျခင်မှာ ကြိုတင်ကာကွယ်တဲ့ နည်းလမ်းလေးတွေကိုသိထားရင် လည်း ကြိုတင်ကာကွယ်ထားနိုင်ပါတယ်.

မုန်လာဥ အစိမ်းကိ ဖျော်ရည်လုပ်၍ သောက်ခြင်းသည် သွေးတွေးကျစေရန် သွေးပေါင်ချိန်ထိန်းရန် အလွန်အကျိုးရှိသော ကုသမှုဖြစ်ပါတယ်. . . မုန်လာဥဖျော်ရည်တစ်ခွက်ကို တစ်နေ့ နှစ်ကြိမ်သောက်သုံးပါ. . . အာဟာရဓာတ်ကြွယ်ဝစေဖို့အတွက် ပရိုတင်း၊ ဗိုက်တာ မင်စီနဲ့ ဘီအုပ်စုများပါဝင်တဲ့ အစာများကို မှီဝဲခြင်းက သွေးအတက်အကျကို ကာကွယ်ချိန်ညှိပေးနိုင်ပါတယ်..

သွေးပေါင်ကျခြင်းကို ထိန်းသိမ်းဖို့ရာ ဆားကို အသုံးပြုပေးပါ. . . သွေးပေါင်ချိန် ပုံမှန်ရှိသူ တစ်ယောက်ပင် ဖြစ်စေကာမူ ဆားပါဝင်သော အစားအသောက်ကို စားသုံးပေးပါ . . ဆားလက်ဖက်ရည် ဇွန်းတစ်ဝက်ခန့်ကို ရေတစ်ဖန်ခွက်နှင့် ဖျော်၍ နေ့စဉ်သောက်သုံးပေးလျှင် ကောင်းမွန်ပါတယ်.

ခန္ဓာကိုယ်ထဲမှ ရေဓာတ်ဆုံးရှုံးလျှင်လည်း သွေးပေါင်ချိန်ကျစေပြန်ပါတယ်. . . . သွေးပေါင်ချိန်ကျနေသော လူကို အရည်များများ ၀င်နိုင်သမျှ ၀င်အောင် တိုက်ပေးခြင်းဖြင့် ရေဓာတ်ဆုံးရှုံးမှုမှ ကယ်ဆယ်နိုင်ပါတယ်...

အကယ်၍ သွေးပေါင်တိုးနေပါက မိသားစုဆရာဝန်ထံမှာ အကြံညဏ်ရယူပြီး သင့်တင့်မှန်ကန်သည့် ဆေးဝါးသောက်သုံးမှု ၊ ကုသမှု ယူသင့်ပါတယ်. . . .မိမိဘာသာ ဆေးများ သောက်သုံးခြင်း ၊သောက်ရသည့် ပမာဏထက်ပို၍ သောက်ခြင်းများကိုလည်း ရှောင်ကြဉ်ပါ. .. ခုတစ်လော မိုးရာသီဆိုပေမယ့် မိုးမရွာလို့ ရှိရင် အရမ်းပူပါတယ် အဲဒီတော့ ချွေးထွက်တွေများပြီး သွေးတိုးမရှိတဲ့ လူတွေ က သွေးပေါင်အရမ်းကျ ကျပါတယ်. . . သွေးတိုးရင်တော့ သွေးပေါင်ကျအောင် လုပ်ရသလို သွေးပေါင်ကျရင် လည်း

 သွေးပေါင်ပြန်တက်အောင် လုပ်လို့ရပါတယ်. . ဒါပေမယ့် မကျခင်မှာ ကြိုတင်ကာကွယ်တဲ့ နည်းလမ်းလေးတွေကိုသိထားရင် လည်း ကြိုတင်ကာကွယ်ထားနိုင်ပါတယ်.
မုန်လာဥ အစိမ်းကို ဖျော်ရည်လုပ်၍ သောက်ခြင်းသည် သွေးတွေးကျစေရန် သွေးပေါင်ချိန်ထိန်းရန် အလွန်အကျိုးရှိသော ကုသမှုဖြစ်ပါတယ်. . . မုန်လာဥဖျော်ရည်တစ်ခွက်ကို တစ်နေ့ နှစ်ကြိမ်သောက်သုံးပါ. . . အာဟာရဓာတ်ကြွယ်ဝစေဖို့အတွက် ပရိုတင်း၊ ဗိုက်တာ မင်စီနဲ့ ဘီအုပ်စုများပါဝင်တဲ့ အစာများကို မှီဝဲခြင်းက သွေးအတက်အကျကို ကာကွယ်ချိန်ညှိပေးနိုင်ပါတယ်..

အားလုံး ရေသောက်ကြပါ

 အားလုံး ရေသောက်ကြပါ

by popozaw on 20.10.2012

 
ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်လို့ ဆိုရိုးရှိပါတယ်။ ဒါကြောင့် ရေဟာ လူသားတွေရဲ့ အသက်ရှင်သန်ရေးမှာ အရေးပါနေပါတယ်။ ကျွန်တော်တို့ လူတွေရဲ့ အလေးချိန် ခုနစ်ဆယ် ရာခိုင်နှုန်းဟာ ရေဖြစ်ပါတယ်။ သာမန် အရွယ်ရောက်ပြီး လူတစ်ယောက်ရဲ့ အလေးချိန် ၆၅ ကီလိုရှိရင် ရေက လီတာ ၄၀ ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ ဒီရေ ၄၀ လီတာဟာ ခန္ဓာကိုယ်ကို တည်ဆောက်ထားတဲ့ ဆဲလ်တွေထဲမှာ Intracellular အဖြစ် ၂၈ လီတာနဲ့ ဆဲလ်တွေရဲ့ အပြင်မှာရှိတဲ့ Extracellular အနေနဲ့ ၁၂ လီတာ ရှိပါတယ်။ ဒီဆဲလ်ပြင်ပရှိတဲ့ ရေ ၁၂ လီတာဟာ ဆဲလ်ကြားရည် 
(Interstitial Fluid) ၁၀ လီတာခန့်နဲ့ သွေးကြောထဲမှာ Plasma အရည်အဖြစ် နှစ်လီတာခန့် ရှိပါတယ်။ ခန္ဓာကိုယ်ထဲရှိရေဟာ အမြှေးပါးတွေ အားလုံးကို ဖြတ်သန်းသွားနိုင်ပါတယ်။ ဒါပေမဲ့ အထက်ပါ ရေအချိုးအဆအတိုင်း တည်ရှိနေအောင် Osmoticpressure နဲ့ Hydrostatic pressure နှစ်ခုတို့က ထိန်းညှိပေးပါတယ်။ ရေဟာ လူ့ခန္ဓာကိုယ်မှာ မရှိမဖြစ် အရေးကြီးရတဲ့ အကြောင်းရင်းက ခန္ဓာကိုယ်ထဲရှိ ဓာတ်ဆား (Electrolytes) တွေကို ထိန်းညှိပေးဖို့ပါပဲ။

သင့်မီးဖိုချောင်ထဲက အသားအရေ အကျိုးပြု အစာများ

by popozaw on 30/10/2012
သင့်အ့အသားအရေ လှပဖို့ရာ အတွက် သင့်အိမ် မီးဖိုချောင် ထဲက အစားအစာ တချို့က အရေးပါပါတယ်။ အသား အရေအတွက် နေ့စဉ် ဘယ်လို အစားအစာတွေ ပါဝင်အောင် ထည့်စားသင့် တယ်ဆိုတာ လေ့လာ ကြည့်ရအောင်။

ကြို့ထိုးခြင်း သက်သာစေသော နည်းလမ်းများ

ကြို့ထိုးခြင်း သက်သာစေသော နည်းလမ်းများ

by popozaw on 30.10.2012

ကြို့ထိုးတာကို လူတိုင်းနီးပါး ကြုံဖူးကြမှာပါ။ ရောဂါကြီးကြီးမားမား မဟုတ်ပေမယ့် သင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။  ဒါကြောင့် ကြို့ထိုးတဲ့အခါ အောက်ပါနည်း ၁၃ နည်းထဲက သင်နဲ့ သင့်တော်ရာ တစ်နည်းနည်းကို လုပ်ဆောင်ကြည့်ပါ။

ကိုယ်အလေးချိန် လျော့ကျရေး

ကိုယ်အလေးချိန် လျော့ကျရေး

by popozaw on 30.10.2012
ကိုယ်အလေးချိန် လျော့ကျဖို့ ကြိုးစားနေသူတွေအတွက် ထူးခြားပြီး လွယ်ကူတဲ့ နည်းလမ်းတွေကို သုတေသန ပညာရှင်တွေက အခုလို ဖော်ပြထားပါတယ်။

ကြံရည်၏ ကျန်းမာရေးအာနိသင်များ

ကြံရည်၏ ကျန်းမာရေးအာနိသင်များ 
by popozaw on 30.10,2012

 










ကံပင်ဟာ အဆစ်တွေ ပါပြီး ကြံ့ခိုင်တဲ့ အပင်ဖြစ်ပြီး အမြင့်အားဖြင့် ၂-၆ မီတာ လောက် မြင့်ပါတယ်။ ကြံရိုးက ရတဲ့ ကြံရည်ဟာ မရှိမဖြစ် အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကျန်းမာရေးနဲ့ အလွန်ညီညွတ်ပါတယ်။ ကြံရည်ဟာ စွမ်းအင်မြင့်မားစွာ ပါဝင်တဲ့

သဘာဝ အရည်ဖြစ်ပြီး သကြားထည့်ထားတဲ့ အရည်တွေအစား သောက်သုံးနိုင်ပါတယ်။
ကြက်ဟင်းခါးသီးကပေးတဲ့ သူမတူတဲ့ အစွမ်းများ

by popozaw on 29.10.2012



















စားသုံးနေတဲ့ ဟင်းလျာထဲမှာ ပါဝင်တဲ့ ကြက်ဟင်းခါးသီးဟာ ဆေးဖက်ဝင်ပါတယ် ဆိုတာ စားသုံးသူတော်တော်များ များ သိကြပါတယ်. . ဘယ်လိုရောဂါမျိုးတွေအတွက် ဆေးဖက်ဝင်တယ်ဆိုတာကို လေ့လာကြည့်တဲ့ အခါမှာ

ကြက်ဟင်းခါးသီးဟာ အဓိကအားဖြင့် ရောဂါကြီးသုံးခုကို ကာကွယ်ကုသရာမှာ အထောက်အကူပြုပါတယ်..
ကြက်ဟင်းခါးသီးကပေးတဲ့ သူမတူတဲ့ အစွမ်းများ ကတော့
 ခေါင်းကိုက်တာပျောက်ချင်ရင်
by nang popozaw on 29.102012




















မကြာခဏ ခေါင်းကိုက်တတ်ပါသလား။
ဒါဆိုရင်တော့ ခန္ဓာကိုယ်ကို ဗီတာမင်၊ သတ္တုဓါတ်တွေ များများပေးစွမ်းနိုင်တဲ့ လတ်ဆတ်တဲ့ သစ်သီးသစ်နှံ၊ ဟင်းသီးဟင်းရွက်တွေကို ပိုမိုစားသုံးပေးပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ ရာသီဥတု အေးလို့ပဲဖြစ်ဖြစ်၊ စိတ်ဖိစီးမှုများလို့ပဲဖြစ်ဖြစ်၊ အိပ်ရေးမဝလို့ပဲဖြစ်ဖြစ် ခေါင်းကိုက်ဝေဒနာကို ခံစားရတယ်ဆိုရင်တော့ သက်သာစေနိုင်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်
ခေါင်းကိုက်ဝေဒနာခံစားရတယ်ဆိုရင်

လက်ဖက်ရည်ကြမ်း၏ ကျန်းမာရေးအကျိုးပြုပုံ ၂၅ မျိုး

လက်ဖက်ရည်ကြမ်း၏ ကျန်းမာရေးအကျိုးပြုပုံ ၂၅ မျိုး

by popozaw on 31.10.2012













လက်ဖက်ရည်ကြမ်းဟာ ထူးခြားတဲ့ကျန်းမာရေး အကျိုးသက်ရောက်ပုံတွေကြောင့် တဖြည်းဖြည်းနဲ့ ကမ္ဘာတဝန်းမှာ လူကြိုက်များတဲ့ သောက်သုံးစရာတစ်ခုဖြစ်လာခဲ့ပါပြီ။ ထူးခြားအံသြဖွယ်ကောင်းတဲ့ ကျန်းမာရေးအကျိုးပြုပုံတွေ
အများကြီးရှိပါတယ်။ တနေ့ကို လက်ဖက်ရည်ကြမ်း အနည်းဆုံး ၄ ခွက်လောက် သောက်သုံးခြင်းမရှိတဲ့သူတွေဟာ ကိုယ့်ကျန်းမာရေးကို ဂရုတစိုက်ရှိတယ်လို့ ဆိုလို့မရတဲ့အခြေအနေပါ။ ဒါကြောင့် လက်ဖက်ရည်ကြမ်းဘာကြောင့် စတင်သောက်သုံးသင့်နေပြီဆိုတာကို ထောက်ခံမှုပေးနိုင်တဲ့ အချက် ၂၅ ချက်ကို ဖော်ပြလိုက်ပါတယ်။

ဆံပင်သား အမျိုးအစားအလိုက် ထိန်းသိမ်းရအောင်

ဆံပင်သား အမျိုးအစားအလိုက် ထိန်းသိမ်းရအောင်

by popozaw on Wednesday, October 31, 2012
 
တိုတဲ့ဆံပင်၊ ရှည်တဲ့ဆံပင်၊ ကောက်တဲ့ဆံပင်၊ ဖြောင့်တဲ့ဆံပင်.. ဘယ်လိုဆံပင်ပုံပဲရှိရှိ ဆံပင်သား အမျိုးအစားအလိုက် ထိန်းသိမ်းဖို့  လိုပါတယ်။ ကောင်းမွန်တဲ့ အာဟာရ၊ ဦးရေပြားကို နှိပ်နယ်ပေးတာ၊ ဆေးလိပ်ငွေ့ ရှောင်ရှားမှုနဲ့ တခြားကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထတွေဟာ ဦးရေပြားကို ကျန်းမာစေသလို ဆံပင်သားကို တောက်ပ ကြည့်ကောင်းစေပါတယ်။

ကင်ဆာမဖြစ်အောင် နေ့စဉ် စားသောက်ရာတွင် သတိပြုသင့်သည်များ

ကင်ဆာမဖြစ်အောင် နေ့စဉ် စားသောက်ရာတွင် သတိပြုသင့်သည်များ
 by popozaw on 31.10.2012
 















ကြိုတင်ကာကွယ်မှုက ကုသမှုထက် ပိုကောင်းတယ်ဆိုတဲ့ ဆိုရိုးဟာ ကင်ဆာ ရောဂါအတွက် ပိုပြီးမှန်ကန်တဲ့ စကားဖြစ်ပါတယ်။  ကင်ဆာမဖြစ်ဖို့အတွက် နေ့စဉ်စားသောက်သင့်တဲ့ အစားအသောက်တွေနဲ့ ရှောင်သင့်တဲ့ အစားအသောက်တွေကို သိထားပြီး နေ့စဉ် ကိုယ်စားသောက်ရာမှာ သတိထားဆင်ခြင်ဖို့ လိုပါတယ်။


ဘဝတွင် ကျန်းမာစွာ နေထိုင်နိုင်မည့် ရိုးစင်းသော လျှို့ဝှက်ချက်

ဘဝတွင် ကျန်းမာစွာ နေထိုင်နိုင်မည့် ရိုးစင်းသော လျှို့ဝှက်ချက်
by popozaw on 31.10.2012



အသက်ရာကျော်ရှည်တဲ့သူ အများစုဟာ သာမန်လူတွေ မလုပ်နိုင်တာမျိုး လုပ်နိုင်ကြပါတယ်။  အစာကို သတိနဲ့ ဆင်ခြင်စားသောက်တာ၊ လေ့ကျင့်ခန်းကို ပုံမှန်လုပ်တာ၊ တစ်ညရှစ်နာရီ အိပ်စက် အနားယူတာ၊ တရားထိုင်ပြီး စိတ်ဖိစီးမှု လျှော့ချတာ.. ဒါတွေက အပြောလွယ်သလောက် နေ့စဉ် လုပ်ဆောင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒီအချက်တွေက ရိုးစင်းသလောက် လိုက်နာဖို့ ခက်ပေမယ့် တကယ် လိုက်နာနေထိုင်ရင် သက်ရှည်ကျန်းမာပါလိမ့်မယ်။

Monday 29 October 2012

အသက်ကြီးခြင်းနဲ့ ပတ်သက်၍ အမျိုးသမီးများ အကြောက်ဆုံး အရာ ငါးမျိုး

အသက်ကြီးခြင်းနဲ့ ပတ်သက်၍ အမျိုးသမီးများ အကြောက်ဆုံး အရာ ငါးမျိုး

By popozaw on 29.10.2012

ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီး အများစုဟာ အမျိုးသားတွေထက် ပိုပြီး အသက်ကြီးမှာကို ကြောက်ရွံ့တတ်ကြပါတယ်။  အမျိုးသမီးတွေ အနေနဲ့ ဘယ်လို အကြောင်းတွေကြောင့် အသက်ကြီးမှာကို ပိုမို ကြောက်ရွံ့တယ် ဆိုတာကို သိနိုင်ဖို့ အသက်ကြီးတာနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေ အဓိက ကြောက်ရွံ့တတ်ကြတဲ့ အကြောင်းတွေကို လေ့လာမှုတွေက အောက်ပါအတိုင်း ဖော်ပြပေးထားပါတယ်။

ပိုမို ငယ်နုစေမည့် အကောင်းဆုံး မျက်နှာလေ့ကျင့်ခန်း

ပိုမို ငယ်နုစေမည့် အကောင်းဆုံး မျက်နှာလေ့ကျင့်ခန်း
by NANG KHA YEA on 25.10.2012




 










အသက်အရွယ် ရလာတာနဲ့အမျှ မျက်နှာက ကြွက်သားတွေဟာ တဖြည်းဖြည်း လျော့ရဲလာပြီး အရေးကြောင်းတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ မျက်နှာ လေ့ကျင့်ခန်းတွေကို နေ့စဉ် လူနေမှုဘဝထဲမှာပဲ ထည့်ပေါင်း ပြုလုပ်ပေးနိုင်ပါတယ်။

ရုံးပတီသီးကပေးတဲ့ သူမတူတဲ့ အစွမ်းများ

ရုံးပတီသီး (Okra)
by NANG KHA YEA on 25.10.2012

 ရုံးပတီသီးမှာ စားလို့ လည်းကောင်းပြီး ပေးစွမ်းနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့
- အရိုးကိုသန်မာစေသည်။
- နှလုံးကိုကာကွယ်ပေးသည်။
- အဆစ်အမျက်ရောင်ရမ်းခြင်းကို သက်သာလျော့ပါးစေသည်။
- သွေးပေါင်ချိန်ကိုထိန်းပေးသည်။
- သွေးစီးဆင်းမှုကို ပိုကောင်းစေသည်။

Acne (၀က်ခြံပြဿနာ)နှင့်သဘာဝ ကုထုံများ

Acne (၀က်ခြံပြဿနာ)နှင့်သဘာဝ ကုထုံများ
by popozaw on 25.10.2012















အသက် ၁၂ နှစ် နဲ. ၂၄ နှစ် အကြား လူငယ် အများစု ကြုံတွေ.နေရတဲ. အလှဖျတ် တဲ. ၀က်ခြံဟာ မျက်နှာ၊ လည်ပင်း ၊ ရင်ဘတ် ဒါမှမဟုတ် ကျောကုန်းတွေပေါ်မှာ ပေါက်တတ်ပါတယ်။ ၀က်ခြံဖြစ်စေသော အကြောင်းအရာများမှာ

ဗိုက်ဆီကျစေတဲ့ ထောပတ်သီးအစွမ်းနဲ့ နည်းလမ်း

ဗိုက်ဆီကျစေတဲ့ ထောပတ်သီးအစွမ်းနဲ့ နည်းလမ်း

by NANG KHA YEA on 26/10/2012


အခုပြောမယ့် အကြောင်းအရာကတော့ ဗိုက်ဆီရှိတဲ့ သူတွေအတွက်ဖြစ်ပါတယ်။ အဆီအစိမ့်တွေ စားပြီး ဗိုက်အဆီ တက်နေသူတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းကောင်းလေးပါ။ ဗိုက်မှာအဆီတက်နေတဲ့ သူတွေအတွက် စားသံ
ုးသင့်တဲ့အသီးကတော့ ထောပတ်သီးပဲ ဖြစ်ပါတယ်။

သင့်ကို ဝစေသော အချက်ရှစ်ချက်

သင့်ကို ဝစေသော အချက်ရှစ်ချက်
by Po Po Zaw on 26.10.2012

 
 
 
 
 
 
 
 
 
၁။ ဖတ်ရှုလေ့လာနိုင်စွမ်း

အစားအသောက်တွေကို ပုံမှန် စားနေပေမယ့် ကိုယ်အလေးချိန် တက်မလာတဲ့သူတွေ ရှိနေသလို  အစားအသောက်ကို ထိန်းချုပ်ပြီး စားနေပေမယ့် ကိုယ်အလေးချိန် မကျသွားတဲ့ သူတွေလည်း ရှိနေပါ လိမ့်မယ်။ ဘာကွာခြားလို့လဲ ဆိုတာ သိချင်နေမှာပါ။ အကြောင်းကတော့ ကိုယ်အလေးချိန် တက်မလာတဲ့သူတွေက အစားအသောက်တွေကို ဝယ်ယူတဲ့အခါ အညွှန်းကို ဖတ်ရှုလေ့လာတဲ့ အလေ့အထ ရှိပြီး ပါဝင်ပစ္စည်းတွေထဲက ဆောင်ရန် ရှောင်ရန်တွေကိုပါ သိထားလို့ပါ။

ဖရဲသီးကပေးတဲ့ ကျန်းမာရေး နှင့် အလှအပ အကျိုးအမျိုးမျိုး

ဖရဲသီးကပေးတဲ့ ကျန်းမာရေး နှင့် အလှအပ အကျိုးအမျိုးမျိုး
by popozaw on 26.10.2012


 














ဖရဲသီးဟာ ရာသီပေါ် အသီးအနှံဖြစ်ပြီး မြန်မာပြည်သူပြည်သားတွေ အများဆုံး စားသုံးကြတဲ့ သွားရည်စာတစ်မျိုး ဖြစ်ပါတယ်။ မာတ်တွိန်းကတောင် ဖရဲသီးကို စားတဲ့သူဟာ နတ်သားတွေ ဘာစားတယ် ဆိုတာ သိလာလိမ့်မယ်ဆိုပြီး ဖရဲသီးဂုဏ်ကို ချီးမြောက်ခဲ့ပါတယ်။ ဖရဲသီးဟာ နတ်သားတွေ စားသုံးတဲ့သစ်သီးဖြစ်ရုံမက နတ်သမီးလေးဖြစ်အောင်ပါ ဘယ်လို စားသုံးသင့်တယ်ဆိုတဲ့အကြောင်းကို တင်ဆက်စရာ သစ်သီးအလှအဖြစ် ဖော်ပြလိုက်ရပါတယ်။

ဗောက်ပျောက်ချင်တယ်ဆိုရင်

ဗောက်ပျောက်ချင်တယ်ဆိုရင်

by popozaw on  on Saturday, October 27, 2012

ဗောက်ထတယ် ဆိုတာ

ဗောက်ဆိုတာ အဖြူရောင် ဒါမှမဟုတ် အဝါရောင် အဖတ်လေးတွေကို ဆံပင်မှာနဲ့ အဝတ်အစားတွေပေါ် မကြာခဏ တွေ့ရတတ်တာမျိုးပါ။  ဦးရေပြားပေါ်က ဆဲလ်သေတွေ ကွာကျတာကို ဗောက်ထတယ်လို့ ခေါ်ပါတယ်။ ခေါင်းဖြီးလိုက်ချိန်နဲ့ ဦးရေပြားကို လက်သည်းနဲ့ ကုတ်ခြစ်လိုက်ချိန်မှာ တွေ့ရပါတယ်။

အရွယ်အို လည်း နုပျို နေဆဲ လှပနေအောင်လေ

အရွယ်အို လည်း နုပျို နေဆဲ လှပနေအောင်လေ

by popozaw  on  27,10, 2012 at 10:29pm
 ·


 အိုမင်းတာ၊ ခရမ်းလွန် ရောင်ခြည်ကြောင့် ထိခိုက်တာနဲ့ ပတ်ဝန်းကျင် အကြောင်း အချက်တွေကြောင့် ရရှိလာတဲ့ ဓာတ်တိုး ပစ္စည်းတွေက အသားအရေကို ထိခိုက် စေနိုင်ပါတယ်။ ဒါကြောင့် အသက် ကြီးလာပေမယ့် အသားအရေ တောက်ပမြဲ တောက်ပနေအောင် မိခင်တို့၏ထိန်းသိမ်းလေ့ ရှိတဲ့ သဘာဝ အသားအရေ ထိန်းသိမ်းနည်းတွေကို ဖော်ပြ ပေးလိုက်ပါတယ်။

ဒညင်းသီး အရမ်းကြိုက် တဲ့ ကိုကို မမ တို့ သတိထားဖို့ ပါ။

ဒညင်းသီး အရမ်းကြိုက် တဲ့ ကိုကို မမ တို့ သတိထားဖို့ ပါ။ 
by po po zaw on 27.10.2012



 

ဒီတစ်ခါတော. ကျန်းမာရေးအကြောင်း ကျနော်ဖတ်ဖူးတာလေး မျှဝေချင်ပါတယ်။ အစားအသောက်တွေထဲက အသီးတစ်မျိုးရဲ.အကြောင်းပါ။ ဒီအသီးကို  တော်တော်များများစားဖူးကြပါတယ်။ ထမင်းဝိုင်းတွေမှာ အတို.အမြှုပ်အဖြစ်စားကြ၊ ကြိုက်ကြပါတယ်။တကယ်ကျတော. ဆေးပညာအနေနဲ.ဆိုရင် ဒီအသီးကို မစားသင့်ဘူးဆိုတာ စာအုပ်ထဲမှာ ဖတ်မိပြီးသိခဲ့ရပါတယ်။ ဒါကြောင့် ပြန်ပြီးမျှဝေ လိုက်ပါတယ်။

ပန်းသီး၏ ကျန်းမာရေး စွမ်းပကား

ပန်းသီး၏ ကျန်းမာရေး စွမ်းပကား

by popozaw on 27.10.,2012















ပန်းသီး ရဲ့ ကျန်းမာရေး အစွမ်းထက်ပုံ တွေကို လေ့လာထားတဲ့ အထဲကနေ ထုတ်နုတ်ပြီး သူငယ်ချင်းတွေ
အားလုံး သိရှိ စေရအောင်လို့ ဒီနေ့ ပိုပို တင်ပြပေးလိုက် ပါတယ်။ပန်းသီး ရဲ့ထူးခြားတဲ့ အာနိသင်တွေ မှာ

ပိန်သွယ်စေမည့် အလွယ်နည်းများ

ပိန်သွယ်စေမည့် အလွယ်နည်းများ

by popozaw on 28.10.2012
မနည်း ကြိုးစားနေပေမယ့် သင်မှန်းထားသလောက် ဝိတ်မလျော့လာဘဲ ဖြစ်နေသလား။  ဝိတ်လျော့ချင် သူတွေ အတွက် သတင်းကောင်း ရှိပါတယ်။ သုတေသန ပညာရှင်တွေရဲ့ လေ့လာချက်အရ အစားအသောက် လျှော့စရာ မလိုဘဲ ပေါင်ချိန်များစွာ လျော့ကျစေနိုင်တဲ့ နည်းလမ်းကောင်းတွေ များစွာ ရှိပါတယ်။

ထိပ်ပြောင်သူများအတွက် ကြက်သွန်နီ

ထိပ်ပြောင်သူများအတွက် ကြက်သွန်နီ
by NANG KHA YEA on 28.10.2012

 


ဆေးပညာရှင်များ၊သိပ္ပံပညာရှင် များစွာ ရောဂါကာကွယ်ဆေး၊ ကုသ ဆေးမျိုးစုံတီထွင်ဖန်တီးလျက်ရှိကြ သည်။ ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင် ခြင်းအတွက် ထိထိရောက်ရောက် ကုသနိုင်မည့်နည်းလမ်းမရှိသေး။

လှပသော ခန္ဓာကိုယ် ထိန်းသိမ်းဖို့ ၆ချက်

လှပသော ခန္ဓာကိုယ် ထိန်းသိမ်းဖို့ ၆ချက်
by NANG KHA YEA on 28.10.2012



’မိမိတို့ နေ့စဉ် စားနေကျ ထမင်းဖြူ၊ ပါမုန့်ဖြူ၊ သကြားလုံး၊ ဆိုဒါ၊ အချိုရည် တွေဟာ ခဏအတွင်းမှာ အစားကို အလွယ်ခြေနိုင်တာမို့ အချိန်တိုအတွင်းမှာပဲ ပြန်ဆာလောင်စေပါတယ်။ ထို့ပြင် အာဟာရ အရမ်းမများပဲ၊ ကယ်လိုလီအများဆုံး ပါဝင်တာမို့ ခန္ဓာကိုယ် ပိုမိုဝစေပါတယ်။ ဒါကြောင့် အစာခြေဖို့ မလွယ်တဲ့ ပါမုန့်ညှိ၊ ဆန်လုံးညှိ၊ ပဲ၊ ပဲသီး နှင့် ဟင်းသီးဟင်းရွက်တွေကို များများစားပေးမယ်ဆိုရင် ကျန်မာရေးနဲ့လည်း ညီညွှတ်ပြီ ကယ်လိုလီနည်းနည်း ပါဝင်သည်မို့ ခန္ဓာကိုယ်ကို သွယ်လျ လှပစေပါတယ်။ ထို့ပြင် လှပသော ခန္ဓာကိုယ်ကို အမြဲထိန်းသိမ်းနိုင်ဖို့ လှိုဝှက်ချက် ၆ချက်ရှိပါတယ်။

နုပျိုကာ အရွယ်တင်မဲ့ သဘာဝရဲ့ အာဟာရများ

နုပျိုကာ အရွယ်တင်မဲ့ သဘာဝရဲ့ အာဟာရများ

by popozaw on 28.10.2012

  နုပျိုကာ လှပစေဖို့အတွက် အစားအသောက်တွေကလည်း အရေးပါနေပါတယ်။
သုတေသနတွေအရ လေ့လာထားတဲ့ အောက်ပါ သဘာဝ အစားအစာတွေဟာ အနာကျက်စေတဲ့ အာနိသင်ကို ပေးစွမ်းနိုင်ပြီး မျက်နှာ အသားအရေကို နုပျိုကာ အရွယ်တင် လှပစေပါတယ်။

သင့် ကျန်းမာရေးအတွက် ဘာကို ရွေးစားသင့်သလဲ

သင့် ကျန်းမာရေးအတွက် ဘာကို ရွေးစားသင့်သလဲ

by popozaw  29,10, 2012

အစားအသောက် စားတဲ့အခါ ကျန်းမာရေး ကောင်းဖို့နဲ့ အာဟာရ ပြည့်ဝဖို့ အတွက် ဘာကို ရွေးချယ် စားသင့်တယ် ဆိုတာကို သိနိုင်အောင် ရေးသား လိုက်ရပါတယ်။

ဆေးဖက်ဝင်ရှောက်သီး

ဆေးဖက်ဝင်ရှောက်သီး
 by popozaw on 27.10.2012



(၁)အုန်းနို့ခေါက်ဆွဲ၊ဒံပေါက်၊မုန့်ဟင်းခါးအ၀စားမိသည်အခါတွင် ရှောက်ဖျော်ရည်ကိုသောက်ပေးခြင်းဖြင့် သွေးတိုး၊
သွေးတက်၊ အစာမကြေ ခြင်းမှ ပြေပျောက်စေသည်။

(၂)အစာအဟာရများကိုမမှီဝဲချင်ဘဲ လေခံနေခြင်း။ လေများမကြာခဏပျို့အန်ခြင်းနှင့်အစာမကြေခြင်းများ ဖြစ်နေပါ
ကရှောက်က်သီးတစ်စိတ်ကိုနုပ်နုပ်စဉ်ကာ ထန်းလျက်တစ်ဆယ်သားခန့်ဖြင့် ကျကျကျို ပြီး မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်   သောက်ပေးရသည်။ ပြီးမနက် တစ်ကြိမ်၊ ညတစ်ကြိမ် လက်ဖက်ရည် အကြမ်းပန်းကန်တစ်ဝက်ခန့် သောက်ပေးရသည်။ ရင်မရှင်းမလင်း ခြင်းများ၊ အစာမကြေ၊ လေအန် လေဆန်နေခြင်းများ သက်သာသွားမည်။

သွားများကိုအရောင်စွန်းထင်းစေသော အစား အစာများ

သွားများကိုအရောင်စွန်းထင်းစေသော အစား အစာများ

by popozaw on 26.10.2012
၁။ ဝိုင်
ဝိုင်နီဟာ အက်စစ် ဓာတ်များတဲ့ အချိုရည် ဖြစ်ပြီး သူ့ဆီမှာ Chromogen နဲ့ Tannins တို့ပါဝင်ပါတယ်။ အဲဒီပစ္စည်းတွေဟာ သွားကို အရောင်စွန်းထင်းစေတဲ့ အဓိက တရားခံများ ဖြစ်ကြပါတယ်။ ဝိုင်နီလိုပဲ ဝိုင်အဖြူကလည်း သွားတွေကို အန္တရာယ် ဖြစ်စေပါတယ်။

ဗိုက်ဆီကျစေတဲ့ ထောပတ်သီးအစွမ်းနဲ့ နည်းလမ်း

ဗိုက်ဆီကျစေတဲ့ ထောပတ်သီးအစွမ်းနဲ့ နည်းလမ်း
by popozaw on 26/10/2012



အခုပြောမယ့် အကြောင်းအရာကတော့ ဗိုက်ဆီရှိတဲ့ သူတွေအတွက်ဖြစ်ပါတယ်။ အဆီအစိမ့်တွေ စားပြီး ဗိုက်အဆီ တက်နေသူတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းကောင်းလေးပါ။ ဗိုက်မှာအဆီတက်နေတဲ့ သူတွေအတွက် စားသံ
ုးသင့်တဲ့ အသီးကတော့ ထောပတ်သီးပဲ ဖြစ်ပါတယ်။

အစား မလျှော့ဘဲ ကိုယ်အလေးချိန် ကျစေမည့် နည်းလမ်းများ

အစား မလျှော့ဘဲ ကိုယ်အလေးချိန် ကျစေမည့် နည်းလမ်းများ
by popozaw on 28.10.2012

















အစားအသောက်ကို အလွန်အမင်း လျှော့စရာ မလိုဘဲ ကိုယ်အလေးချိန် လျော့ကျလိုပါသလား။  အစားအသောက် မလျှော့ဘဲ ဝိတ်ကျချင်သူတွေအတွက် ဘဝနေထိုင်မှုပုံစံတချို့ ပြောင်းလဲလိုက်ရုံနဲ့ အဆင်ပြေသွားစေမယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ရုံးပတီသီးကပေးတဲ့ သူမတူတဲ့ အစွမ်းများ


ရုံးပတီသီး (Okra)
by popozaw on 25.10.2012


 ရုံးပတီသီးမှာ စားလို့ လည်းကောင်းပြီး ပေးစွမ်းနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့
- အရိုးကိုသန်မာစေသည်။
- နှလုံးကိုကာကွယ်ပေးသည်။
- အဆစ်အမျက်ရောင်ရမ်းခြင်းကို သက်သာလျော့ပါးစေသည်။
- သွေးပေါင်ချိန်ကိုထိန်းပေးသည်။
- သွေးစီးဆင်းမှုကို ပိုကောင်းစေသည်။