ကျန်းမာရေး ဗဟုသုတ စုစည်းမူ့များ
http://popozaw.blogspot.com/
Sunday 18 November 2012
ရေ၏ ထူးခြားအံ့ဖွယ်ခုနစ်သွယ်
by popozaw on 07.11.2012
လုံလောက်တဲ့ရေကို သောက်သုံးဖြစ်ရဲ့လား။ ယေဘုယျအားဖြင့် အာဟာရ ပညာရှင်တွေက ရေနဲ့ ပတ်သက်ပြီး “8 x 8 rule” ကိုချမှတ် ထားပါတယ်။ တစ်နေ့မှာ ရေရှစ်အောင်စ ပါတဲ့ ဖန်ခွက် ရှစ်ခွက်ပြည့်အောင် သောက်ပေးရပါမယ်တဲ့။ အားကစားလုပ်ရင် ဒါမှမဟုတ် ချွေးထွက်တာ များရင်တော့ ရေကို ပိုသောက်ပေးဖို့ လိုအပ်ပြီး တခြားဖျော်ရည်တွေ သောက်ရင် ရေကိုလျှော့သောက် ပေးနိုင်ပါတယ်။ ရေသောက်တဲ့အတွက် ရရှိနိုင်တဲ့ အကျိုးအာနိသင်ကတော့ ခုနစ်မျိုးရှိပါတယ်။
ခုခံအားစနစ် ပြန်လည်ကောင်းလာစေမည့် နည်းလမ်းခြောက်သွယ်
by popozaw on 18.11.2012
beautiful girl enjoying the summer sun
၁. ကြက်သွန်ဖြူအားဖြည့်ဆေး မှီဝဲပါ
ကြက်သွန်ဖြူအားဖြည့်ဆေးကို နေ့စဉ် ၁၂၀၀ မီလီဂရမ် မှီဝဲသူတွေဟာ ရိုးရိုးအားဆေးသာ မှီဝဲသူတွေထက် အအေးမိ ဝေဒနာ ခံစားရနှုန်း ၆၆ ရာခိုင်နှုန်း သက်သာနိုင်ပါတယ်။
၂. နေ့စဉ် ဝိုင်အရက်တစ်ခွက်သောက်ခြင်းကို ရပ်ထားပါ
အရက် (အယ်ကိုဟော) တွေများနေရင် အသည်းပေါ်မှာ ဒဏ်ပိစေနိုင်တဲ့အတွက် ခန္ဓာကိုယ်က ပိုးမွှားတွေနဲ့ ဒုက္ခပေးတဲ့ အဆိပ်တွေကို စစ်ထုတ်နိုင်စွမ်းလျော့ သွားနိုင်ပါတယ်။
ရေသောက်ရန် အကောင်းဆုံး အချိန်
by popozaw on 18.11.2012
ရေဟာ လူ့ကျန်းမာရေးအတွက် အထောက်အကူပြုမှန်း၊ အဓိကလိုအပ်မှန်း သိကြပေမယ့် အချိန်မှန်၊ ပမာဏ မှန်မှန် သောက်သုံးမှသာ ထိထိရောက်ရောက် ကောင်း
ကျိုးပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ရေသောက်ရန် အကောင်းဆုံး အချိန်များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
ဆံပင်လေးတွေရဲ့အကြောင်းသိကောင်းစရာ
by popozaw on 18.11.2012
Fashion model with long straight hair.
၁။ ဆံပင်အဖျားတွေ တိပေးရင် ဆံပင်ရှည်နှုန်းမြန်စေသလား။
မဟုတ်ပါဘူး။ ဆံပင် အဖျား တိတိ၊ မတိတိ ဆံပင်အရှည် တစ်လကို လက်မဝက် လောက် ပိုတိုး လာလေ့ရှိပါတယ်။ နွေရာသီမှာ ဆံပင်ရှည်နှုန်း ပိုမြန်တတ်ပါတယ်။ ဆံပင်တိပေးလို့ ရှည်လာတာ မဟုတ်ပါဘူး။ ဟော် မုန်း တွေကြောင့်ပါ။ ဆံပင် တိပေးခြင်းအားဖြင့် ဆံပင် နှစ်ခွဖြစ်တာ ကိုသာ ဖယ်ရှားပေးပြီး ဆံပင် ကျန်းမာ လှပစေနိုင်ပါတယ်။
ကျန်းမာရေးအဆင့် မြင့်တက်အောင် အမျိုးသားတို့ ရှောင်ရှားသင့်သော အရာများ
by nang kha yea on 18.11.2012
အမျိုးသားတွေ အနေနဲ့ ကိုယ့်ကျန်းမာရေး အဆင့်ကို မြှင့်တင်နိုင်ဖို့ ကျန်းမာရေး ကောင်းမွန်အောင်  ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် ပေးရပါမယ်။ အထူးသဖြင့် အမျိုးသားတွေကို ကျန်းမာရေး ထိခိုက်စေတဲ့ အောက်ပါ အပြုအမူနဲ့ အလေ့အထ တွေကို ရှောင်သင့်ပါတယ်။
ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သော အစားအစာအုပ်စု လေးမျိုး
by popozaw on 18.11.2012
ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သော အစားအစာအုပ်စု လေးမျိုး
၁။ ကြက်ဥနှင့် ကြက်သား
အမိုင်နိုအက်စစ်တွေက ဆံပင် သန်စွမ်းစေဖို့အတွက် လိုအပ်တဲ့ ပရိုတင်းတွေပါပဲ။ ပရိုတင်းဓာတ် များများရအောင် အသား၊ ငါး၊ ကြက်သား၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ပဲနို့၊  ဥအ
မျိုးမျိုး စတာတွေ စားပေးပါ။ ကြက်ဥမှာ များစွာပါဝင်တဲ့ ဘိုင်အိုတင်နဲ့ ဗီတာမင်ဘီ- ၁၂ က ဆံပင်၊ လက်သည်း၊ ခြေသည်းနဲ့ အရေပြားမှာရှိတဲ့ ဆဲလ်တွေကို ကြီးထွားစေပါတယ်။
နေ့စဉ် ကယ်လိုရီ ၁၀၀ လျှော့ချနိုင်သော နည်းလမ်း ၁၀
by popozaw on 18.11.2012
တစ်နေ့ကို ကယ်လိုရီ ၁၀၀ လျှော့ချတာက သင့်ကို တစ်နှစ်အတွင်းမှာ ကိုယ်အလေးချိန် ၁၀ ပေါင်  ကျဆင်းသွားအောင် စွမ်းဆောင် နိုင်ပါတယ်။ အခုပြောပြမယ့် နည်းလမ်းတွေထဲက တစ်ခုကို ရွေးချယ်ပြီး နေ့စဉ် လုပ်ဆောင်ကြည့်ပါ။ တစ်နေ့ကို ကယ်လိုရီ ၁၀၀ လောင်ကျွမ်းစေပါတယ်။
ခန္ဓာကိုယ် အညောင်းပြေအောင် မိမိဘာသာ နှိပ်နယ်နည်းများ
by popozaw on 18.11.2012
Massage. Spa Salon
ခန္ဓာကိုယ်က ညောင်းညာကိုက်ခဲနေတာကြောင့် ဘာအလုပ်မှ ဆက်လုပ်လို့မရနိုင်လောက်အောင် ပင်ပန်း နေပါသလား။ အညောင်းပြေနိုင်ရုံသာမက စိတ်ဖိစီးမှုနဲ့ တင်းအားတွေပါ လျော့ပါးစေဖို့ရာအတွက် မိမိဘာသာ နှိပ်နယ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။
ကိုယ်အလေးချိန် လျော့ကျလိုသူတိုင်း ကိုယ့်ကိုယ်ကို ပြန်မေးသင့်သည့် မေးခွန်းများ
by popozaw 18.11.2012
ရေကို အလုံအလောက် သောက်ရဲ့လား
အာဟာရဂျာနယ်ရဲ့ လတ်တလော လေ့လာမှုတစ်ရပ်အရ အနည်းငယ် ရေဓာတ်ခန်းခြောက် နေရင်တောင် အမျိုးသမီးငယ်တွေဟာ နုံးတာ၊ ခေါင်းကိုက်တာနဲ့ အာရုံစူးစိုက်နိုင်ဖို့ ခက်ခဲတာတွေ ဖြစ်တတ်တယ်လို့ သိရပါတယ်။ ရေဓာတ်ခန်းခြောက်တာကြောင့် ဗိုက်ဆာတာ၊ ပင်ပန်းတာနဲ့ စိတ်တိုတာတွေလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် အစာစားချင်စိတ် လျော့ကျစေဖို့ အစာမစားခင် ရေတစ်ဖန်ခွက် သောက်သင့်ပါတယ်။  အစာစားချင်စိတ် ဖြစ်ပေါ်တဲ့အခါမှာလည်း ရေတစ်ဖန်ခွက် သောက်ပေးသင့်ပါတယ်။
ဝမ်းဗိုက်ချပ်ရပ်လိုသူတိုင်း ဆောင်သင့်၊ ရှောင်သင့်သော အစားအသောက်များ
by popozaw on 18.11.2012
လေပွပြီး ဗိုက်ပူတာမျိုး မဖြစ်စေဘဲ ဝမ်းဗိုက် ချပ်ရပ်လိုသူတိုင်း ရှောင်သင့်၊ ဆောင်သင့်တဲ့ အစားအသောက်တွေကို ကျွမ်းကျင်သူတွေက အောက်ပါအတိုင်း အကြံပြု ရေးသားထားပါတယ်။
Saturday 17 November 2012
လက်ဖက်ရည်ကြမ်း၏ ကျန်းမာရေးအကျိုးပြုပုံ ၂၅ မျိုး
by popozaw 18.11.2012
လက်ဖက်ရည်ကြမ်းဟာ ထူးခြားတဲ့ကျန်းမာရေးအကျိုးသက်ရောက်ပုံတွေကြောင့် တဖြည်းဖြည်းနဲ့ ကမ္ဘာတဝန်းမှာ လူကြိုက်များတဲ့ သောက်သုံးစရာတစ်ခုဖြစ်လာခဲ့ပါပြီ။ ထူးခြားအံသြဖွယ်ကောင်းတဲ့ ကျန်းမာရေးအကျိုးပြုပုံတွေ အများကြီးရှိပါတယ်။ တနေ့ကို လက်ဖက်ရည်ကြမ်း အနည်းဆုံး ၄ ခွက်လောက် သောက်သုံးခြင်းမရှိတဲ့သူတွေဟာ ကိုယ့်ကျန်းမာရေးကို ဂရုတစိုက်ရှိတယ်လို့ ဆိုလို့မရတဲ့အခြေအနေပါ။ ဒါကြောင့် လက်ဖက်ရည်ကြမ်းဘာကြောင့် စတင်သောက်သုံးသင့်နေပြီဆိုတာကို ထောက်ခံမှုပေးနိုင်တဲ့ အချက် ၂၅ ချက်ကို ဖော်ပြလိုက်ပါတယ်။
သံပုရာသီး ၏ တန်ဘိုးအမျိုးနှစ်ဆယ်
by popozaw on 18.11.2012
၁။သံပုရာရည်ကို သောက်ခြင်းအားဖြင့် မောပန်းနွမ်းနယ်မှုကို ပြေစေပြီး လူ၏ ခန္ဓာကိုယ်တွင် ဖြစ်ပွားတတ် သော အထူးသဖြင့် ၀မ်းဗိုက်တွင် ဖြစ်ပေါ်တတ်သော ရောဂါများကို ကာကွယ်နိုင်ပါတယ်၊
၂။ သံပုရာရည်ကို သကြားအနည်းငယ်ထည့်ကာ များများ သောက်ပေးပါက အစာအဆိပ်သင့်ခြင်း၊ အရက်မှ ဖြစ်သော အဆိပ်၊ ဘိန်းမူးလွန်နာ စသည်များကို ပျောက်ကင်းစေသည်။
၃။ ထမင်းစားပြီးနောက် အော့အန်ခြင်း ဖြစ်တတ်လျင် လပ်ဆတ်သော သံပုရာရည်ကို သောက်ရပါမည်။
နှလုံးသွေးကြောစနစ်ကို အကာအကွယ်ပေးမည့် အစားအစာများ
by popozaw on 17.11.2012
View image detail
တူနာငါး
ရရှိမည့် အာဟာရဓာတ် - အိုမီဂါသရီး ဖက်တီးအက်စစ်၊ ဖောလိတ်နဲ့ နိုင်ယာစင် ဓာတ်။
ဟင်းလျာ ပြင်ဆင်နည်း - နေ့လည်စာမှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်သုပ်ထဲ တူနာငါး ထည့်စားပါ။ တူနာငါးကို စည်သွတ် ဘူး (Canned Tuna) အနေနဲ့ ဝယ်ယူရရှိ နိုင်ပါတယ်။
တိုဟူး
ရရှိမည့် အာဟာရဓာတ် - နိုင်ယာစင်၊ ဖောလိတ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်ဓာတ်။
များလှတဲ့ စပျစ်သီးဖျော်ရည် ၏ အစွမ်း
by popozaw on 17.11.2012
စပျစ်ဖျော်ရည်မှာ အရေးပါတဲ့ အာဟာရဓာတ်တွေနဲ့ ဗီတာမင်တွေ ပါဝင်တာကြောင့် ကျန်းမာသန်စွမ်းမှုကို ရရှိစေပါတယ်။ လတ်တလော လေ့လာမှုတွေအရ စပျစ်ဖျော်ရည်ကို သောက်တာက ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။
ဝိတ် လျှော့ချသူများ လွဲမှားစွာရှောင်ကြသော စားသင့်သည့်အစားအစာများ
၁။ ကြက်ဥ
လတ်တလော လေ့လာထားမှုအရ တစ်နေ့ကို ကြက်ဥတစ်လုံး စားပေးတာက ကျန်းမာစေပြီး အာဟာရဓာတ် ညီညွတ်မျှတစေတယ်ဆိုတာ တွေ့ရပါတယ်။ သင့်မနက်စာမှာ ကြက်ဥတစ်လုံးစားတာက ကိုယ်အလေးချိန် လျှော့ချပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြက်ဥမှာ ပရိုတင်းဓာတ်တေ များစွာပါဝင်တာကြောင့် အစာချေဖျက်ဖို့အတွက် အချိန်ပေးရပါတယ်။ မနက်စာမှာ ကြက်ဥစားပေးတဲ့အခါ အစာချေဖျက်မှု နှေးတာကြောင့် အစာအိမ်ထဲမှာ အချိန်ကြာကြာ ပြည့်နေစေပါတယ်။ ဒါဟာ နောက်ထပ် အစာထပ်စားဖို့ကို နည်းသွားစေပါတယ်။ 
ဝက်ခြံကင်းသော အသားအရေ ဖြစ်အောင်
by popozaw on 17.11.2012
Royalty Free Stock Images: Acne facial care teenager woman squeezing pimple. Image: 19406999
ဝက်ခြံပေါက်နေရင် အရေပြားကို မသက်မသာ ဖြစ်စေပြီး လူမှုဘဝကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဝက်ခြံတွေ ကင်းစင်ပြီး အသားအရေ ချောမွေ့လှပနေအောင် အောက်ပါ နည်းလမ်းတွေကို လုပ်ဆောင်ပေးပါ။
မျက်စိအားကောင်းစေသော အာဟာရများ
by popozaw on 17.11.2012
image photo : Green Eye
လူတင်နှင့် ဇီဇန်သင်း
လူတင် (Leutin)နဲ့ ဇီဇန်သင်း (Zeaxanthin)တို့ဟာ ဥအမျိုးမျိုးလိုပဲ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ထဲမှာပါဝင်တဲ့ အရေးကြီး အာဟာရ ဓာတ်တွေ ဖြစ်ကြပါတယ်။
လေ့လာမှုများစွာအရ လူတင်ဓာတ်နဲ့ ဇီဇန်သင်းဓာတ်တွေဟာ အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီး ခြင်းနဲ့ အတွင်းတိမ်ရောဂါတွေလို နာတာရှည် မျက်စိရောဂါတွေရဲ့အန္တရာယ်ကိုလျော့ကျစေနိုင်ကြောင်းလေ့လာမှုများစွာကဆိုထားပါတယ်။
လက်ဖက်စိမ်း (Green Tea) ၏ ကျန်းမာရေးအကျိုးကျေးဇူး ၁၀ ရပ်
by nang kha yea on 15.11.2012
ကဖင်းဓာတ်နည်းနည်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း များများပါဝင်တဲ့ လက်ဖက်စိမ်း (Green Tea) ဟာ  ခန္ဓာကိုယ်တစ်ခုလုံးရဲ့ကျန်းမာရေးကို ကောင်းမွန်စေနိုင်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ အကြောင်းကတော့ လက်ဖက်စိမ်း (Green Tea) မှာ ပိုလီဖီနောလို့ခေါ်တဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့် များများနဲ့ ကတီချင်လို့ခေါ်တဲ့ ဖလေဗိုးနွိုက် ပါဝင်လို့ပါ။
ကျန်းမာရေးကိုထိခိုက်စေသော အကြောင်းများ
by popozaw 16.11.2012
ပလပ်စတစ်[plastic]
             ပလပ်စတစ်သည် ရေနံရဲ့ဘေးထွတ်ပစ္စည်းများကို အခြေခံပြီး ဓာတုပစ္စည်းပေါင်း  များစွာနဲ့ ပေါင်းစပ်ထုပ်လုပ်ထားသည်။ ပလက်စတစ်နဲ့ထိတွေ့နေတဲ့  အစားအသောက်ထဲကို ပလပ်စတစ်ကဓာတ်တွေစိမ့်ဝင်နေသည်။ ဟောင်းလေ၊ ပူလေ ဓာတ်ပြုစိမ့်ထွတ်လေဖြစ်သည်။
 အသုံးဝင်ပုံ
            အစားအသောက် ထုပ်ပိုခြင်း၊ အိမ်အသုံးအဆောင်၊ ဆောက်လုပ်ရေး၊ စက်ကိရိယာ အစိတ်အပိုင်း စတာတွေမှာ ပလပ်စတစ်က မပါမဖြစ်နေရာယူပြီး၊ ပူရင်ပျော့ပြီး အေးရင်မာလာ တဲ့ ပလက်စတစ်မျီုးကိုတော့ မယ်လမင်းလို နေရာမျီုးမှာသုံးတယ်။
ဆေးဖက်ဝင်သော သစ်သီးဝလံများဧ။် အခွံများ
 by popozaw on 16.11.2012
ငှက်ပျောသီးအခွံကို
စားခြင်းအားဖြင့်တော့ လူကို တက်ကြွရွှင်လန်းစေပါတယ်။ နောက်ပြီး မျက်စိအားကောင်းစေသလို မျက်စိတိမ်စွရောဂါများ အတွက်လည်း အလွန်ကောင်းပါတယ်။
ဘယ်လိုစားရမလဲ ဆိုရင်တော့ သုတေသီတွေမှ အကြံပေးပြောကြားချက်အရ ငှက်ပျောသီးအခွံကို ရေနွေးနဲ့ ၁ဝ မိနစ်လောက်ပြုတ် လိုက်ပါ။ ပြီးရင် သစ်သီးဖျော်စက်ထဲမှာ ထည့်ဖျော်ပြီး ဖျော်ရည်အဖြစ်လဲ စားသောက်နိုင်တယ်လို့ဆိုပါတယ်။
လူတိုင်းအကျိုးအသီးကိုးမျိုး
by nang kha yea on 16.11.2012
သေဘာၤသီး
သဘောင်္သီးတွင်ပါဝင်သော အင်ဇိုင်းများနှင့် ဗီတာမင်အေတို့က အရေပြားအတွက် အကောင်းဆုံး သဘာဝ ဆေးတစ်လက်ဖြစ်ပါတယ်.. အရေပြား လန်းဆန်းတောက်ပစေဖို့အတွက် ချေမွထားသော သင်္ဘောသီးနဲ့ ရှားစောင်းလက်ပတ် ၃ဇွန်းခန့်ကို အရေပြားပေါ်သို့ ၅မိနစ်ခန့် လိမ်းကျံပေးပြီး ရေနှင့်စင်အောင်ဆေးကြောရပါမယ်.. ၄င်းနည်းကို တစ်ပတ်တစ်ကြိမ် ပြုလုပ်ပေးပါက သန့်စင်တောက်ပသော အရေပြားကို ရရှိနိုင်ပါတယ်.. အရေပြားထိခိုက်လွယ်သူများ ပထမဦးဆုံးအကြိမ် စလိမ်လိမ်းချင်းမှာ သတိထားပြီး လိမ်းသင့်ပါတယ်.. အခန့်မသင့်ပါက ၄င်းအရေပြားပိုင်ရှင်များတွင် အဖုအပိန့်စသော လက္ခဏာများ ဖြစ်ပေါ်တတ်ပါတယ်..
မျက်ကွင်းညိုခြင်း အကြောင်းများ နှင့် ကာကွယ်နည်းများ
by popozaw on 13.11.2012
မျက်ကွင်းညိုခြင်းဟာ တကယ်တော့ ရောဂါတစ်ခုမဟုတ်ပါဘူး။ မျက်လုံးနားက အသားအရေဟာ မျက်နှာပြင်ရှိ တခြားအသားအရေများထက်ပိုပြီးတော့ပါးလွှာပါတယ်။မျက်လုံးပတ်ပတ်လည်မှာအာဟာရပြု ထောက်ပံ့ နေတဲ့
သွေးကြောလေးတွေကအင်မတန်သေးငယ်ပြီးအဲဒီဆံချည်မျှင် သွေးကြောလေးတွေထဲမှာရှိတဲ့  ဟေမိုဂလိုဘင်
(Hemoglobin) များပျက်စီးဆုံးရှုံးခြင်းမှ ထွက်ပေါ်လာတဲ့ ရလာဒ်တစ်ခုသာဖြစ်ပါတယ်။ ဒါကြောင့်မို့ မျက်လုံးပတ်လည်ကိုထိခိုက်မိခြင်း ( ဥပမာ - လက်သီးဖြင့်အထိုးခံရခြင်း) တို့ တွင် သွေးကြောများပျက်စီးခြင်းကြောင့် မျက်လုံး ပတ်ပတ်လည်မှာ အညိုအမဲစွဲနေခြင်းဖြစ်ပါတယ်။ မျက်လုံးပတ်ပတ်လည်ရှိ အရေပြားများမှာ အင်မတန် နူးညံ့ပြီး ပါးလွှာလွန်းတဲ့အတွက် အနည်းငယ်ထိခိုက်မိရုံနဲ့ အညိုအမဲစွဲနေနိုင်ပါတယ်။ မျက်လုံးတ၀ိုက်တွင် ထိခိုက်မခံရပေမယ့်လည်း မျက်ကွင်းညိုခြင်းဟာ အောက်ပါ အကြောင်းအရာများကြောင့် ဖြစ်စေနိုင်ပါတယ်။
သင့်အသားအရေအတွက် ဆေးဘက်ဝင် အသီးများနှင့် အပင်များ
by popozaw on 16.11.2012
စမုံစပါး (Anise)
စမုံစပါးစေ့များမှာ ဘက်တီးရီးယား ပိုးမွှားများကို သတ်နိုင်တဲ့ အားပျော့တဲ့ အစွမ်းသတ္တိတွေ ရှိပါတယ်။ အသက် ရှူရာမှာ အနံ့ ကို လတ်ဆတ်အောင် ပြုလုပ်ရာမှာ အသုံးပြုနိုင်ပါတယ်။ စမုံစပါး အဆီကိုတော့ နှိပ်နယ် ရာမှာ အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ မိတ်၊ အင်ပျင် ရှိရင်တော့ မသုံးသင့်ပါဘူး။
ယောက်ျားလေးများလှစေဖို့  အလှအပထိန်းသိမ်းကြစို
by popozaw on 17.11.2012
ယောက်ျားလေးများလှစေဖို့  အလှအပထိန်းသိမ်းကြစို့  .........
ယောက်ျားလေးတွေဟာ မိန်းကလေးတွေလို မိတ်ကပ်လိမ်းပြီး အလှပြင်ဖို့ မလို အပ်ပေမယ့် အလှအပဆိုင်ရာ ပြုပြင်ထိန်းသိမ်း သင့်တဲ့ အချက်တွေရှိ ပါတယ်။
တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ဆောင်ရွက်တာ၊ အသားအရေ ထိန်းသိမ်း စောင့်ရှောက်တာ၊ ဆံပင်ကို ပြုပြင်ထိန်းသိမ်းတာ စတာတွေကိုတော့ မိန်းကလေးတွေတင်မက ယောက်ျားလေးတွေလည်း လုပ်ဆောင် သင့်ပါတယ်။
ဒါကြောင့် ယောက်ျားလေးတွေရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ အလှအပအတွက် လုပ်ဆောင်သင့်တဲ့ အခြေခံအချက်တွေကို ဖော်ပြလိုက်ပါတယ်။
သင် ဘီယာအကြောင်း ဘယ်လောက် သိသလဲ
by popozaw 16.11.2012
ဘီယာအကြောင်း ဘယ်လောက် သိသလဲ
“ဘီယာဟာ အရက်တော့ မ ဟုတ်ပါ”
ဆိုတဲ့သီချင်းလိုပဲ။အရက်မဟုတ် ဘူးလို့ အတင်း ဇွတ်ကန်ငြင်းပြီး လူတွေက ဘီယာ ကို နှစ်နှစ်ခြိုက်ခြိုက် သောက်လာ ကြပါတယ်။ယောက်ျားလေး တွေသာမကဘဲ မိန်းကလေး တွေလည်း သောက်လာ ကြတာပါ။ အဲဒီလို ဖက်ရှင်လိုရော၊ သောက်ချင်လို့ ရောနဲ့ အကြောင်းအ မျိုးမျိုးနဲ့ သောက်ကြတဲ့ သူတွေဘီ ယာ အကြောင်း သိပါရဲ့လား။ ဘီယာ နဲ့ပတ်သက်တဲ့ အချက်အလက်အချို့ ကိုပြောပြပါ့မယ်။
အရက်သောက်တဲ့အခါ သိထားရမဲ့ အရက်အကြောင်း
by popozaw on 15.11.2012
လူအများက အရက်ဟုခေါ်ကြသော ethyl alcohol ဟာ အနည်းငယ်သာ သောက်သုံးလျှင် စိတ်ကြွမှုကို ဖြစ်ပေါ်စေပြီး အများအပြား သောက်သုံးသူများတွင်တော့ ပင်မ အာရုံကြောစနစ်ကို ဖိနှိပ်ခြင်းဖြင့် အအိပ်လွန်သည်မှ အသက်ရှုရကျပ်ခြင်း ၊ အသက်ဆုံးရှုံးခြင်းတို့ ကိုဖြစ်ပေါ်စေနိုင်ပါတယ်။Alcohol ကို အစာအိမ်နှင့် အူသိမ်တို့မှ စိမ့်ဝင်ခြင်းနည်းဖြင့် စုပ်ယူပါတယ်။ သောက်သုံးပြီး တနာရီအတွင်းတွင် အူသိမ်နှင့်အစာအိမ်တို့မှစုပ်ယူပါတယ်။ပျမ်းမျှအားဖြင့်အူသိမ်တွင် သွေးလည်ပတ်မှုအားကောင်းသောကြောင့် သောက်သုံးသောပမာဏရဲ့ ၈၀ % ခန့်ကိုစုပ်ယူပြီး ၊ အစာအိမ်မှ ၂၀ %ခန့်ကိုစုပ်ယူပါတယ်။Alcohol ကို ခန္ဓာကိုယ်မှ စုပ်ယူမှုနှုန်းဟာ အစာအိမ်တွင် ရှိသော အစာ၏ပမာဏ၊ အစာအိမ်နံရံများ ၏ အခြေအနေ၊ စားထားသော အစာအမျိုးအစားပေါ် မူတည်ပြီး စုပ်ယူမှုနှုန်း ကွာခြားပါတယ်။
ပိုးသားလိုဆံနွယ်များအတွက်စွမ်းအင်ပြည့်သောအစားအစာ ၆မျိုး
by popozaw on 14.11.2012
မိန်းမသားများအတွက် အလှအပထိမ်းသိမ်းရာမှာ ဆံမျှင်လေးများရဲ့တန်ဖိုးဟာ နံပါတ်တစ်လို့ ဆိုနိုင်ပါတယ်။ မိန်းမတို့ ဘုန်း ဆံထုံး ဟုရှေးယခင် မင်းများလက်ထက်ကတည်းက စာဆိုကျော်များက သတ်မှတ်ခဲ့ကြရာမှာ ယခုထိအသက်ဝင်ရှင်သန်နေဆဲ ဆောင်ပုဒ်လေးများပင် ဖြစ်ပါသည်။ Vitamin B, Vitamin A, Vitamin E, Iron ,Zinc , Folic Acid and Protein များပါဝင်သော အစားအစာများသည် ဆံနွယ်များလှပမှု အတွက် အဓိကအထောက်ကူပြုစေနိုင်သော အစားအစာများပင်ဖြစ်ပါသည်။ ထိုအစားအစာများအများဆုံးပါဝင်သည့် စွမ်းအင်ပြည့် အစားအစာ ခြောက်မျိုးကို စာဖတ်ချစ်သူ၊ အလှအပကြိုက်တတ်သူများအတွက် ရေးသားပေးလိုက်ပါတယ်။
Wednesday 14 November 2012
ကိုယ်အလေးချိန် ကျဆင်းနိုင်သော အစားအစာများ
by popozaw on 14.11.2012
နောက်ဆုံးလေ့လာမှုတွေအရ တချို့အစားအစာတွေဟာ ဆာလောင်မှုကို ပျောက်ကင်းစေပြီး ဇီဝရုပ်ဖြစ်ပျက်မှု မြန်ဆန်ကာ အဆီတွေမြန်မြန် လောင်ကျွမ်းစေနိုင်တယ်လို့ သိရပါတယ်။ အောက်ပါအစားအစာတွေကို ကြည့်ပြီး သင့်ခန္ဓာကိုယ်အလေးချိန် ၁၀ ပေါင်၊ ပေါင် ၂၀၊ ပေါင် ၃၀ ဒါမှမဟုတ် ဒီပေါင်ချိန်တွေထက် ပိုလျော့အောင် ပြုလုပ်ပါ။
ပိုးသားလိုဆံနွယ်များအတွက်စွမ်းအင်ပြည့်သောအစားအစာ ၆မျိုး
by popozaw on 14.11.2012
မိန်းမသားများအတွက် အလှအပထိမ်းသိမ်းရာမှာ ဆံမျှင်လေးများရဲ့တန်ဖိုးဟာ နံပါတ်တစ်လို့ ဆိုနိုင်ပါတယ်။ မိန်းမတို့ ဘုန်း ဆံထုံး ဟုရှေးယခင် မင်းများလက်ထက်ကတည်းက စာဆိုကျော်များက သတ်မှတ်ခဲ့ကြရာမှာ ယခုထိအသက်ဝင်ရှင်သန်နေဆဲ ဆောင်ပုဒ်လေးများပင် ဖြစ်ပါသည်။ Vitamin B, Vitamin A, Vitamin E, Iron ,Zinc , Folic Acid and Protein များပါဝင်သော အစားအစာများသည် ဆံနွယ်များလှပမှု အတွက် အဓိကအထောက်ကူပြုစေနိုင်သော အစားအစာများပင်ဖြစ်ပါသည်။ ထိုအစားအစာများအများဆုံးပါဝင်သည့် စွမ်းအင်ပြည့် အစားအစာ ခြောက်မျိုးကို စာဖတ်ချစ်သူ၊ အလှအပကြိုက်တတ်သူများအတွက် ရေးသားပေးလိုက်ပါတယ်။
အိုမင်းခြင်း ဖြစ်စဉ်ကို နှေးကွေးစေမည့် အချက် ၁၀ ရပ်
by popozaw on 13.11.2012
တစ်နေ့ပြီး တစ်နေ့ ကူးပြောင်းလာချိန်မှာ အိုမင်းလာနေတယ် ဆိုပေမယ့် ရိုးစင်းတဲ့ ဘဝနေထိုင်မှု ပုံစံကို ပြောင်းလဲ ပေးလိုက်ရုံနဲ့ ရှိရင်းစွဲ အသက်ထက် ၁၀ နှစ်လောက် ပိုငယ်တယ် ထင်ရအောင်၊ ဘဝမှာ နေထိုင်ရတာ ပိုမို သက်သောင့်သက်သာ ရှိအောင်နဲ့ စွမ်းအင်တွေ ပြန်ရအောင် လုပ်ဆောင်နိုင်ပါတယ်။
ဗိုက်ပူခြင်းကြောင့် ဖြစ်တတ်သော ကျန်းမာရေး အန္တရာယ်များ
by popozaw on 14.11.2012
ဗိုက် နဲ့ ခါးမှာ စုနေတဲ့ အဆီတွေက အန္တရာယ် ရှိတဲ့ အဆီတွေ ဖြစ်တာကြောင့် အောက်ပါ ကျန်းမာရေး ဆိုးကျိုး တွေကို ဖြစ်စေနိုင်ပါတယ်။
ထောပတ်သီးရဲ့ကျန်းမာရေးနှင့် အလှအပ
by nang kha yea on 13.11.2012
ကျန်းမာရေးနှင့် အလှအပ အတွက် အကျိုးရှိစေမဲ့ အသီးတစ်မျိုးကတော့ထောပတ်
သီးဘဲဖြစ်ပါတယ်။ဒီအသီးဟာလည်းရှားပါးအသီးမျိုးတော့မဟုတ်ပါဘူး။အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်။ဒီဆောင်းပါးလေးကိုလည်း
ကျွန်တော် 8 Day ဂျာနယ်မှ ကူးယူစုဆောင်းထားတာဖြစ်ပါတယ်။
ကဗျာဆရာခါလီဂျီဘရန်က ‘ချစ်မေတ္တာ ကင်းပတဲ့ ဘဝဟာ မြုံနေတဲ့သစ်ပင်၊ ပန်းပင်နဲ့ တူတယ်’ လို့ဆိုထားတယ်။  အလားတူ ပျိုတို့ သုံးနေတဲ့ အလှကုန် ပစ္စည်းတွေဟာလည်း သစ်သီးသစ်ဖုတွေ မပါဘဲ ဓာတ်တုပစ္စည်း အားကိုးနဲ့ အစွမ်းရှိရိုး ထုံးစံမရှိပါဘူး။ သဘာဝက ပေးစွမ်းထားတဲ့ သစ်သီးသစ်ဥသစ်ဖုများနဲ့ ပျိုတို့အလှကို အရောင်တင်လင်းလက်စေခဲ့ရတာ ဖြစ်ပါတယ်။ ဒီတစ်ခါ ပျိုတို့ရဲ့လင်းရောင်ခြည်ကို တောက်ပစေမယ့် သစ်သီးကတော့ ထောပတ်သီးပဲ ဖြစ်ပါတယ်။
ကျန်းမာလှပ အန္တရယ်ကင်းအောင် အဆီလျှော့ပါ
by popozaw on 14.11.2012
ဝခြင်းသည် မကောင်းပါ
ဝခြင်းသည် အလှအပကို ပျက်စေခြင်းနှင့် ကျန်းမာရေးကို ထိခိုက်စေခြင်းတို့ ကြောင့် မည် သည့် ရှုထောင့်မှ ကြည့်ကြည့် မကောင်းပါ။ အနောက်နိုင်ငံများမှ အစပျိုးပြီး တကမ္ဘလုံးတွင် ယနေ့ ခေတ်စားနေသည်မှာ ပိန်ပိန်ပါးပါး စတိုင်ကျကျ သွင်ပြင် လှပသည့် Slim, Smart & Stylish ဆိုသော ဆောင်ပုဒ်ပင်ဖြစ်သည်။ ကျန်းမာရေးရှုထောင့်မှ ကြည့်လျှင်လည်း ၀ခြင်း ဆိုသည်မှာ အဆီများ လိုအပ်သည်ထက် ပိုလာခြင်းပင် ဖြစ်သည်။ ၄င်းအဆီပိုများသည် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံး ရောဂါတို့ အပြင် ကင်ဆာရောဂါများကိုပါ ဖြစ်စေကြောင်း ဆေးပညာရှင်များက အတိအလင်း ပြောကြားထားပါသည်။ ပိုနေ သော ကိုယ်အလေးချိန် ကြီးကို ထမ်းထားရသဖြင့် ခြေကျင်းဝတ်၊ တင်ပဆုံနှင့် ခါးရိုးတလျှောက် Osteoarthrosis ခေါ် အရိုးအဆစ်နာများလည်း ဖြစ်တတ်သည်။
ခြေဖနောင့်ကွဲအက်ခြင်းမဖြစ်ရလေအောင်
by nang kha tea on 14.11.2012
Photo: ဆောင်းရာသီတွင် ဖြစ်တက်သည့် ခြေဖနောင့်ကွဲအက်ခြင်း  ........
ခြေဖနောက်ကွဲအက်ခြင်းသည် အရေပြား အလွန်အမင်း ခြောက်သွေ့ခြင်းကြောင့်ဖြစ်ရတဲ့ လက္ခဏာ တစ်ခု ဖြစ်ပါတယ်။
အက်ကွဲကြောင်းတွေဟာ ပိုပြီး အရာထင်မှု နက်ရှိုင်းလာခဲ့ရင် အခြေအနေ ပိုဆိုးလာပြီ ဖြစ်ပါတယ်။ လူအတော်များများဟာ အခြေအနေဆိုးတဲ့ အခါရောက်မှာသာလျှင် ကုသမှုခံယူဖို့ ပြုလုပ်လာလေ့ရှိပါတယ်။ တော်ရုံအက်ကွဲမှု ဖနောင့်ကိုတော့ ဘောက်ဆတ်ဆတ်နင်းပြီး လျှောက်လှမ်းလို့ နေလေ့ရှိပါတယ်။ဘာမှမဖြစ်သေးပါဘူး လျှောက်လို့ ရပါတယ်ဆိုပြီး လမ်းဆက်လျှောက်မယ် ပြုလုပ်ကြပါတယ် ။ 
စတင်ဖြစ်ပေါ်လာခြင်း …. 
ခြောက်သွေ့မှုများခြင်း၊ ဖနောင့်ဟာ ပွတ်တိုက်မှုများခြင်း၊ ဖနောင့်ရှိ အရေပြား မာမာထူထူများဟာ အချိန်ရှိသရွေ့ ပွတ်တိုက်မှုခံနေရခြင်း၊ ဖိအားခံနေရခြင်း၊ ဆီးချိုရှိနေခြင်း၊ ယားနာရှိနေခြင်း၊ လမ်းလျှောက်ပုံ၊ လမ်းလျှောက်နည်း မှန်ကန်မှုမရှိခြင်း၊ ဝန်ပိုပစ္စည်းများ မကြာခဏ သယ်ဆောင်ရလေ့ရှိခြင်း၊ ဖုန်မှုန့်သဲများနှင့် ထိတွေ့မှုများခြင်း၊ သွေးလည်ပတ်စီးဆင်းမှု အားနည်းခြင်း၊ အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် အချိန်ကြာညောင်းစွာ ရပ်နေရခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။
လွဲမှားစွာလုပ်ဆောင်ခြင်း ………….
လွဲမှားစွာလုပ်ဆောင်ချက်တွေလည်း တွေ့ ရှိနေရပါတယ် ရေချိုးသည့်အခါ ကွဲနေသော ခြေဖနောင့်နေရာကို ကြမ်းတမ်းသော ကြမ်းပြင် ၊ အုတ်ခဲကျိုးတို့ ဖြင့် ပွတ်တိုက်ခြင်းကို ပြုလုပ်ကြပါတယ် ဒီလို လုပ်ဆောင်ချက်ကြောင့် ဆိုးရွားသော အကျိုးဆက်တွေဖြစ်ပေါ်စေပါတယ် အခုလို လုပ်ဆောင်ပါက ကွဲနေသော နေရာတွင် သွေးစိမ်းများ စိမ့်ထွက်လာပြီး ပိုးကို အလွယ်တကူဝင်ရောက် ရောင်ရမ်းလာနိုင်ပါစေတယ် ကုသခြင်းလည်း ကြာပြီး လမ်းလျှောက်သည့်အခါတွင် ပိုမိုဆိုးရွားစွာ ခံစားမှု့ ဖြစ်ပေါ်စေပြီး ရောင်ရမ်းနာကျင် လာစေပါတယ် ဒါကိုတော့ အထူးသတိဖြင့် ပြုလုပ်ရန် မသင့်လျှော်သော လုပ်ဆောင်ချက်တရပ်ဖြစ်ပါတယ် ။
ကုသနည်း ..........
အထိရောက်ဆုံး ကုသနည်းကတော့ ခြေထောက်ကို moisturizer လိမ်းပြီး ခြေအိတ် စွပ်ထားတာပဲ ဖြစ်ပါတယ်။ မအိပ်ခင်လည်း ဆီလိမ်းပြီး ခြေအိတ်ထူထူလေး ဝတ်ပေးသင့် ပါတယ်။ လိမ်းဆီအဖြစ် အလွယ်ဆုံးနဲ့ ဈေးအပေါဆုံးဆီကတော့ အုန်းဆီပဲဖြစ်ပါတယ်။
ထပ်မံပြီးတော့လည်း ပျားရည်နဲ့နွားနို့ သုံးပြီးတော့လည်း ခြေဖနောင့်အက်တာကို ကုသနိုင်ပါတယ်။
ပျားရည် တစ်ခွက်၊ နွားနို့နှစ်ခွက်ရောပြီး ခြေထောက်ကို စိမ်ပေးရမှာ ဖြစ်ပါတယ်။ ၁၅ မိနစ်ခန့် စိမ်ပေးပြီး ခြေထောက်ကို နှိပ်နယ်ပေးပါ။ 
ခြေဖနောင့်ကွဲနေစဉ်မှာ တကယ်လို့ ဖြစ်နိုင်ရင် ရေကိုနေ့စဉ်မချိုးပါနဲ့။ တစ်နေ့ကို တစ်ကြိမ်ထက်လည်း ပိုမချိုးမိစေပါနဲ့။ ရေချိုးရင်လည်း စိမ်ပြီးမချိုးပါနဲ့။ ခပ်သုတ်သုတ်လေး ချိုးပေးပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ပြင်ပရှိ ရေတွေဟာ ကိုယ်ခန္ဓာပေါ်ရှိ အစိုဓာတ်များကို ဆေးကြောသွားပြီး အစိုဓာတ်ကို ပြန့်လွှင့်စေလို့ဖြစ်ပါတယ်။ 
ခြေဖနောင့်ကွဲတာဟာ အရမ်းပြင်းထန်နေတယ်ဆိုရင် ခြေတုံးလုံးနဲ့ လမ်းလျှောက်ခြင်းကို လုံးဝရှောင်ရှားပေးရမှာ ဖြစ်ပါတယ်။
နေ့စဉ် ပြုလုပ်ပေးရမယ့်နည်းကတော့ ဆပ်ပြာစိမ်ထားတဲ့ ရေနွေးနွေးထဲမှာ ခြေထောက်ကို ၁၅ မိနစ်ခန့် စိမ်ပေးရမှာ ဖြစ်ပါတယ်။ အပျင်းမကြီးဘဲ အိပ်ရာဝင်ခါနီးတိုင်း ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
ကာကွယ်ခြင်း အဆင့် .........
ဖြစ်ပေါ်လာမှ ကုသခြင်းထက်  ကြိုတင်ကာကွယ်ထားတာ ပိုပြီးကောင်းမွန်ပါတယ်လို့ လည်း ပြောပါရစေ ။ ခြေဖနောင့် ကွဲအက်ခြင်း ဟာ ကိုယ်တွင်းရှိ အာဟာရဓာတ်များ ချို့တဲ့ခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ အစားအသောက်နည်းခြင်း၊ ခန္ဓာကိုယ်က လိုအပ်တဲ့ ဇင့်ဓာတ်မရရှိခြင်း၊ မရှိမဖြစ် အိုမီဂါ-၃ အက်ဆစ် ချို့တဲ့ခြင်းတို့ကြောင့် ခြေဖနောင့်ဟာ အက်ကွဲရတတ်ပါတယ်။ ဖော်ပြပါ ဓာတ်များ ချို့တဲ့ပါက ခြေဖနောင့်အက်ကွဲခြင်းအပြင် တခြားသော အသားရည် ခြောက်သွေ့ခြင်းများ ပါ ဖြစ်ပေါ်လာတတ်ပါတယ်။
စားသင့်သော အစားအသောက်များ ……………..
ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်များဖြစ်တဲ့ ပင်လယ်ခရု၊ ကြက်သား၊ ပဲ၊ ထောပတ်၊ ဒိန်ချဉ်နဲ့ ငါးတို့ကို စားသောက်ပေးရပါမယ်။
 တခြား အရေးကြီးတဲ့ ဗီတာမင်များနဲ့ သတ္တုဓာတ်များကတော့ ဗီတာမင်အီး၊ ကယ်လ်စီယမ်ဓာတ်၊ သံဓာတ်များကို ပြည့်ဝအောင် ဖြည့်တင်းပေးရမှာ ဖြစ်ပါတယ်။ 
ကယ်လ်စီယမ်ဓာတ်ကိုတော့ နို့ထွက်ပစ္စည်း တွေမှာ အဓိက တွေ့ရှိနိုင်ပါတယ်။
ဗီတာမင်အီးကို အစိမ်းရောင် ဟင်းသီးဟင်းရွက်များနဲ့ ဂျုံထွက်ပစ္စည်းတွေမှာ တွေ့ရှိနိုင်ပါတယ်။ 
အာဟာရနဲ့ ဗီတာမင်ဓာတ်တွေပြည့်ဝအောင် စားသုံးပေးရုံမက အောက်ပါအချက်များကိုလည်း ဂရုတစိုက်နဲ့ လိုက်နာဆင်ခြင်ရင်ဖြင့် ခြေဖနောင့်အက်ကွဲခြင်းကို အထိရောက်ဆုံး ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
ခြေထောက်ကို အမြဲသန့်ရှင်းစင်ကြယ်နေစေရန် ဂရုစိုက်ပါ။
ခြေထောက်လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပေးပါ။ 
ခြေထောက်ပိုင်း သွေးစီးဆင်းမှု ကောင်းမွန်စေဖို့ ဖြစ်ပါတယ်။
 နေ့စဉ် ခြေထောက်သန့်ရှင်းရေးနဲ့ အသားအရေ စိုပြည်စေဖို့ ထိန်းသိမ်းပါ။ 
ခြေထောက်ကို ရေနွေးနဲ့တစ်လှည့်၊ ရေအေးနဲ့တစ်လှည့် စိမ်ပေးပါ။ 
ရေချိုးပြီးတိုင်း ခြေထောက်ကို အလှဆီ (moisturizer ) နဲ့ ပွတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။ 
ဆောင်းရာသီတွင် ဖြစ်တက်သည့် ခြေဖနောင့်ကွဲအက်ခြင်း ........
ခြေဖနောက်ကွဲအက်ခြင်းသည် အရေပြား အလွန်အမင်း ခြောက်သွေ့ခြင်းကြောင့်ဖြစ်ရတဲ့ လက္ခဏာ တစ်ခု ဖြစ်ပါတယ်။
အက်ကွဲကြောင်းတွေဟာ ပိုပြီး အရာထင်မှု နက်ရှိုင်းလာခဲ့ရင် အခြေအနေ ပိုဆိုးလာပြီ ဖြစ်ပါတယ
်။ လူအတော်များများဟာ အခြေအနေဆိုးတဲ့ အခါရောက်မှာသာလျှင် ကုသမှုခံယူဖို့ ပြုလုပ်လာလေ့ရှိပါတယ်။ တော်ရုံအက်ကွဲမှု ဖနောင့်ကိုတော့ ဘောက်ဆတ်ဆတ်နင်းပြီး လျှောက်လှမ်းလို့ နေလေ့ရှိပါတယ်။ဘာမှမဖြစ်သေးပါဘူး လျှောက်လို့ ရပါတယ်ဆိုပြီး လမ်းဆက်လျှောက်မယ် ပြုလုပ်ကြပါတယ် ။
ပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင် အပင်များ (ကန့်ချုပ်ဖြူပင်)
by popozaw on 13,11.2012
ယခုတစ်ပတ်တွင် ပတ်ဝန်းကျင်မှ ဆေးဖက်ဝင် အပင်များ အနက် များ စွာ စိတ်ဝင်စားဖွယ်
ကောင်းလှသည့် ကန့်ချုပ်ဖြူဟူသော အပင်နှင့် ပတ် သက်၍ ရေးသားတင်ပြလိုပေ၏ ။ ကန့်ချုပ်ဖြူပင်သည် ကန့်ချုပ်ဖြူ၊ ကန့်ချုပ်နီ၊ ကန့်ချုပ်ပြာ၊ ကန့်ချုပ် နက် ဟုပြောစမှတ်တွင်သည့် ကန့်ချုပ် အုပ်စုတွင်
ပါဝင်လေ၏ ။
၎င်းအပင်ကို ပါဠိအမည်ဖြင့်စိတ္တကဟု လည်းကောင်း၊ သက္ကတဘာသာဖြင့် စိတြက(Chitraka) ဟု
လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့် Ceylon Lead-word; White Flowered Lead-wort ဟု
လည်းကောင်း ခေါ်ဆို ကြလေ၏ ။
လွယ်ကူရိုးရှင်းပြီးကျန်းမာရေးတိုးတက်ကောင်းမွန်စေတဲ့နည်းများ
by popozaw 13.11.2012
1. နေ့စာ မစားခင် အသီး တစ်ခုခု စားပေးပါ။
ပန်းသီး၊ ငှက်ပျောသီး၊ သစ်တော်သီး ဒါမှမဟုတ် တခြား အသီး တစ်ခုခုကို နေ့စာမစားခင်တိုင်း စားတဲ့ အကျင့်ကို လုပ်ပါ။ ကျွန်တော်တို့ရဲ့ ဆာလောင်မှုကို ထိန်းပေးသလို အမြန်ရနိုင်တဲ့ အဆီရွှဲရွှဲ fast food တွေ မစားဖြစ်အောင်၊ ခရက်ကာထုပ်တွေ ဖောက်မစားမိအောင် ကာကွယ် ပေးပါတယ်။
သံပုရာသီးလေးတွေ ၀ယ်ပြီးသုံးကြမယ်
by popozaw on 13.11.2012
သံပုရာသီးလေးတွေ ၀ယ်ပြီးသုံးကြမယ်....
ခံတွင်း ကျန်းမာရေး .....
သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေရုံတင်မကဘူး။တောက်ပစေပ
ါတယ်။
ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက်နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်းပေးပါ။
အာဟာရဓာတ်များမဆုံးရှုံးစေရန် ချက်ပြုတ်နည်း
by popozaw on 15.11.2012
အစားအသောက်တွေကို အာဟာရပြည့်ဝအောင် ချက်ပြုတ်စားသောက်ရာမှာ မူလအရင်းမြစ် အာဟာရတွေ ဆုံးရှုံးမသွားအောင် ချက်ပြုတ်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။
Tuesday 13 November 2012
ဝမ်းဗိုက်အဆီ လျော့ကျစေမည့် နည်း ၉ သွယ်
by popozaw on 13.11.2012
ဝမ်းဗိုက်မှာ အဆီတွေစုပြီး ဗိုက်ပူနေလို့ စိတ်ညစ်နေသူတွေအတွက် ဗိုက်ပူတာ လျော့ကျအောင် လုပ်နိုင်မယ့် အလွယ်နည်းတွေကို ရေးသားလိုက်ရပါတယ်။
ပင်ကိုအလှ ပိုပေါ်လွင်မှုရှိရအောင်
by popozaw on 13.11.2012
လူတိုင်းမှာ အလှကိုယ်စီ ရှိကြပါတယ်။ ရှိပြီးသား ပင်ကိုအလှတွေက လူတစ်ယောက်ရဲ့ ပြင်ဆင် နေထိုင်ပုံ တွေကြောင့်  ပိုမိုတင့်တယ် တောက်ပသွား တတ်တာကြောင့် ပင်ကိုအလှ ပိုမို ပေါ်လွင်မှု ရှိစေဖို့ အောက်ပါ နည်းလမ်းတွေကို လိုက်နာပေးဖို့ လိုအပ်ပါတယ်။
သွေးတိုးစေမည့် အစာများနှင့် သွေးတိုးကျစေမည့် အစာများ
by popozaw on 13.11.202
 သွေးတိုးစေမည့် အစာများနှင့် သွေးတိုးကျစေမည့် အစာများ
သွေးတိုးရောဂါရှင်တွေဟာ အစားအသောက် ကို ဂရုစိုက်ထိန်းချုပ်ရမယ်ဆိုတာကိုတော့ သိကြပြီးသား ဖြစ်မှာပါ။ ဒါပေမဲ့ ဘယ်လို အစားအသောက်တွေကို တိတိကျကျ ထိန်းချုပ်သင့်ပြီး ဘယ်လို အစားအသောက် တွေကိုတော့ စားသောက်သင့်တယ်ဆိုတာ ကိုလည်း သေချာနားလည်ထားဖို့ လိုအပ်ပါတယ်။
သွေးတိုးကျစေရန် ပြုလုပ်သင့်သော ကိုယ်လက်လှုပ်ရှားမှုများ
by popozaw on 13.11.2012
 သွေးတိုးကျစေရန် ပြုလုပ်သင့်သော ကိုယ်လက်လှုပ်ရှားမှုများ
သွေးတိုးရောဂါကို အသံတိတ် လူသတ်သမား လို့ခေါ်ဝေါ် ကြတာကြောင့် သွေးတိုးရောဂါ ရှိပြီးသူတွေ သွေးတိုးကျဖို့ အတွက်ရော၊ သွေးတိုးရောဂါ မရှိသေးသူတွေ အနေနဲ့ သွေးတိုးရောဂါ ဖြစ်မလာဖို့ အတွက်ပါ ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်သင့်ပါတယ်။
သွေးတိုးရောဂါရှင်များအတွက် ဆောင်ရန် ရှောင်ရန် စားသောက်ရန်
by popozaw on 13.11.2012
သွေးတိုးရောဂါရှင်များအတွက် ဆောင်ရန် ရှောင်ရန် စားသောက်ရန်
သွေးတိုးရောဂါရှင်များ စားသင့်သော အစားအသောက်များ
သွေးတိုးရောဂါရှင်တွေဟာ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နဲ့ အမျှင်ဓာတ်ပါဝင်တဲ့ အစာတွေကို စားပေးသင့်ပါတယ်။ လတ်လတ်ဆတ်ဆတ် သစ်သီး၊ ဟင်းသီးဟင်းရွက်တွေနဲ့ ဆန်လုံးညိုကို များများစားပေးပါ။ အောက်ပါ အစားအသောက်တွေကတော့ သွေးတိုးရောဂါရှင်တွေအတွက် အထူးအကျိုးရှိတာကြောင့် စားပေးသင့်ပါတယ်။
အသားအရေကို ထိခိုက်စေသော ပြင်ပအခြေအနေများ
by popozaw on 13.11.2012
တခြား မြို့ရွာတွေကို အလည်သွားပြီး ပြန်လာချိန်မှာ အသားအရေ နီမြန်းတာ၊ အဖုအပိမ့် ပေါက်တာစတဲ့  အပြစ်အနာအဆာတွေ ပေါ်တာမျိုး ဖြစ်တတ်ပါသလား။ ဒီလို အခြေအနေမျိုး ကြုံနေရတာက ပတ်ဝန်းကျင် အခြေအနေတွေကြောင့် ဖြစ်ရတာပါ။ အသားအရေကို အိုမင်းထိခိုက်စေတဲ့ ပတ်ဝန်းကျင် အခြေအနေတွေကတော့ ခရမ်းလွန် ရောင်ခြည်၊ ဆေးလိပ်ငွေ့၊ ညစ်ညမ်းတဲ့ လေထု စတာတွေပဲ ဖြစ်ကြပါတယ်။
မွဲခြောက်နေသော ဆံပင်သား တောက်ပြောင်ချောမွတ်စေမည့် သဘာဝနည်းများ
by popozaw on 13.11.2012
အမျိုးသား ၇၄ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေကို စတင်တွေ့တွေ့ချင်း ဆံပင်ပုံစံကို  သတိထားမိတယ်လို့ လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ အမျိုးသမီး တစ်ယောက်က လိုက်ဖက်တဲ့ ဆံပင်ပုံစံရှိပြီး ဆံပင်သားတွေ တောက်ပ သန်စွမ်းနေရင် အလှဂုဏ် ပိုမိုတင့်တယ် လာပါတယ်။ တကယ်လို့ ဆံပင်သားတွေ နွမ်းနယ်ပြီး ခြောက်သွေ့ပျက်စီးနေရင် အလှလည်း ညှိုးနွမ်းရ တတ်ပါတယ်။ ဆံပင်သားဟာ နေရောင်ခြည်ဒဏ် ကြာကြာခံရတာ၊ ခြောက်သွေ့တဲ့ ရာသီဥတုရှိတဲ့ အရပ်မှာ နေရတာ၊ အပူပေးမှု များတာတွေကြောင့်  တောက်ပမှု လျော့ကျပြီး ခြောက်သွေ့ မွဲခြောက် နေတတ်ပါတယ်။ ဆန့်ကျင်ဘက် ပုရိသတို့ကို ဆွဲဆောင်နိုင်ဖို့ဆိုရင် ဆံပင်သားကလည်း တောက်ပ ကျန်းမာလှပနေဖို့ လိုပါတယ်။ ဒါကြောင့် မွဲခြောက်နေတဲ့ ဆံပင်တွေ တောက်ပလာစေဖို့ လုပ်သင့်တဲ့ အိမ်တွင်း ကုထုံးတွေကို အကြံပြုလိုက်ပါရစေ။
ကိုကိုပျိုပျို အရွယ်မရွေး အသားအရေ နုပျိုလှပစေရန်
by popozaw on 13.11.2012
လူတိုင်း၊ အထူးသဖြင့် အမျိုးသမီးတိုင်းက နုပျိုလှပ ကြည့်ကောင်းနေတဲ့ အသားအရေကို ပိုင်ဆိုင်လိုကြပါတယ်။  ကံမကောင်းစွာပဲ ထိရောက်မှု အရှိဆုံး မျက်နှာလိမ်းခရင်မ်တွေက သင့်ကို နှစ်ပေါင်းများစွာ ငယ်ရွယ်နုပျိုအောင် မစွမ်းဆောင်နိုင်ပါဘူး။ အရေးကြောင်းတွေ၊ ပါးရေတွန့်နေတာတွေ သက်သာအောင်ပဲ လုပ်နိုင်ပါတယ်။ ဒါကြောင့် အသက်ငယ်စဉ်ကတည်းက အသက်အရွယ်မရွေး တင်းရင်းနုပျိုလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေဖို့ ထိန်းသိမ်းသွားသင့်ပါတယ်။
လှပကျန်းမာသက်ရှည်လိုသူတိုင်း ကျင့်သုံးရမဲ့ နည်း ကိုး ရပ်
by popozaw on 13.11.2012
အလှအပ၊ ကျန်းမာရေးနဲ့ အသက်ရှည်ရှည် နေနိုင်ရေးတွေဟာ ဒွန်တွဲနေပါတယ်။ ဘဝမှာ လှပ ကျန်းမာပြီး အသက်ရှည်ရှည် နေရနိုင်ဖို့ ဆိုရင် မဖြစ်မနေ လိုက်နာမယ် ဆိုပြီး အောက်ပါအချက်တွေကို သန္နိဋ္ဌာန် ချမှတ်ကာ လိုက်နာပေးသင့်ပါတယ်။
မျက်ဝန်းလှလှ မညိုရလေအောင်
by popozaw on 13.11.2012
လူတိုင်းလိုလို ဘဝမှာ တစ်ချိန်မဟုတ် တစ်ချိန်ဆိုသလို မျက်ကွင်းညိုတတ်ပါတယ်။မျက်ကွင်းညိုတာ အများစုက ယာယီဖြစ်ပြီး ကျန်းမာရေးပြဿနာ မဟုတ်ပေမယ့် မျက်ကွင်းညိုတဲ့အခါမှာ သင့်ကို ပင်ပန်းနေတယ်၊ မကျန်းမာဘူး.. အဲဒီလို ထင်ရစေပါတယ်။ ဒါ့အပြင် မျက်ကွင်းညိုတာကြောင့် ရှိရင်းစွဲ အသက်ထက် ပိုကြီးနေသယောင် ထင်ရစေပါတယ်။
အသက်ကြီးလျှင် ပေါ်လာတတ်သော အညိုရောင် အစက်အပြောက်များ (Age Spots)
by popozaw on 13.11.2012
Age Spots ဆိုတာဟာ လက်အနောက် ဘက်၊ လည်ပင်း၊ မျက်နှာနဲ့ ပခုံးပေါ်မှာ တွေ့ရတတ်တဲ့ အညိုရောင် ဝိုင်းစက်စက် အစက်အပြောက်တွေ ဖြစ်ပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့မှုအချိန် များလာတာကြောင့် Age Spots တွေ ပေါ်လာရတာပါ။ ဒါကြောင့် လူအများစုမှာ အသက်ငယ်နေသေးရင် Age Spots တွေ ထွက်လာတာ မတွေ့ရတတ်သေးပါဘူး။ ဒါပေမယ့်လည်း နေရောင်ခြည်နဲ့ သိသိသာသာ ထိတွေ့မှုရှိသူတွေအနေနဲ့ အသက် ၂၀ ဒါမှ မဟုတ် ၃၀ နောက်ပိုင်းမှာ Age Spots တွေ စတင်ထွက်လာ တတ်ပါတယ်။
အဖြူဆင်းပြီး ယားယံခြင်း မဖြစ်ရလေအောင်
by popozaw on 13.11.2012
Photo: အဖြူဆင်းပြီး ယားယံခြင်း မဖြစ်ရလေအောင်
နိုင်လွန် အတွင်းခံဘောင်းဘီ ဝတ်တတ်တဲ့ အမျိုးသမီး အများစုဟာ မိန်းမကိုယ်မှ ယားယံပြီး အဖြူဆင်းတာ ဖြစ်တတ်ပါတယ်။  နိုင်လွန် သားဖြစ်ပြီး တင်းကျပ် နေတဲ့အတွက် ချွေးစုပ်ယူမှုမရှိဘဲ မိန်းမ ကိုယ်နေရာမှာ စွတ်စို နေတတ်တာကြောင့် မှိုပိုးတွေ အကြိုက်တွေ့ပြီး ပွားများနိုင်တာမို့ပါ။ ချည်သား အတွင်းခံ ဘောင်းဘီကို ပြောင်းလဲ ဝတ်ဆင်လိုက်တာနဲ့ ပူလောင်ပြီး ယားယံမှုက ၇၅ ရာခိုင်နှုန်း သက်သာ သွားနိုင်ပါတယ်။ ဒါ့အပြင် ကျွမ်းကျင်သူတွေက အောက်ပါ တို့ကို ပြုလုပ်ဖို့ အကြံပေးထားပါတယ်။
ဒိန်ချဉ်များများစားပေးပါ
ကိုယ်ဝန်ဆောင်တာ ဒါမှမဟုတ် သန္ဓေတားဆေး သောက်တာတွေကြောင့် ဟော်မုန်း အပြောင်းအလဲဖြစ်ပြီး ခုခံအားစနစ် ကျဆင်းတာ၊ ပဋိဇီဝ ဆေးမှီဝဲတာ ဒါမှမဟုတ် သကြားပါဝင်မှုများတဲ့ အစာတွေ စားတာကြောင့် မိန်းမကိုယ်တွင်း မှိုပိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေ ပွားများလာကာ လူ့အကျိုးပြု ဘက်တီးရီးယားတွေ လျော့နည်းသွားပြီး မှိုပိုးတွေ ဝင်ရောက်လာတာပါလို့ Yale ဆေးတက္ကသိုလ် သားဖွားနဲ့ မီးယပ်ပါမောက္ခ Mary Jane Minkin က ပြောပါတယ်။ လေ့လာမှုတစ်ခုအရ Lacidophilus Bacteria ပါဝင်တဲ့ ဒိန်ချဉ် (အချိုမပါဝင်တဲ့) ကို နေ့စဉ် တစ်ခွက် စားသုံးသူတွေဟာ ခြောက်လ အကြာမှာ မှိုပိုးပြန်လည် ကူးစက်မှု သုံးပုံနှစ်ပုံ လျော့သွားတယ်လို့ သိရပါတယ်။
အနံ့အသက် မပါသော တစ်သျှူးအပျော့စားကို သုံးပါ
ရေမွှေးနံ့ရှိနေတဲ့ Pads တွေ၊ Tampon တွေ၊ ချောဆီတွေဟာ မိန်းမကိုယ်တွင်း အက်စစ်ဓာတ်တွေ လျော့နည်းစေတာကြောင့် မှိုပိုးဝင်ရောက်နိုင်ခြေ မြင့်မားစေပါတယ်။ ဒါ့အပြင် ရေမွှေးမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေက မိန်းမကိုယ်မှ နူးညံ့တဲ့ တစ်သျှူးတွေကို ဆွပေးတာကြောင့် မှိုရောဂါပိုး ဝင်ရောက်ဖို့ အခြေအနေ ပေးသလို ဖြစ်သွားပါတယ်လို့ Dr.Minkin က ပြောပါတယ်။
အညိုရောင် ပေါင်မုန့်စားပါ
နေ့စဉ် အဖြူရောင် ပေါင်မုန့်နှစ်ချပ်ထက် ပိုစားသုံးသူတွေဟာ မှိုပိုးပြန်လည် ဝင်ရောက်နိုင်ခြေ ပိုများပါတယ်လို့ Michigan တက္ကသိုလ်မှ မကြာခင်က လေ့လာမှုအရ သိရပါတယ်။ ပေါင်မုန့်ဟာ အခွံသန့်စင်အောင် ချွတ်ထားတဲ့ ကာဗိုဟိုက်ဒရိတ် ဖြစ်တာမို့ သွေးတွင်းသကြားဓာတ် အဆင့်မြင့် တက်နိုင်ပါတယ်။ မှိုပိုးဟာလည်း သကြားများရင် ပိုပေါက်ဖွားတတ်ပါတယ်။ ဒါကြောင့် ကောက်နှံတစ်ခုလုံး ပါဝင်တဲ့ အညိုရောင်ပေါင်မုန့်ကို စားပါ။ သူ့မှာပါဝင်တဲ့ အမျှင်ဓာတ်တွေက ကာဗိုဟိုက်ဒရိတ် စုပ်ယူမှုကို နှေးကွေးစေပြီး သွေးတွင်း သကြားအဆင့်ကို တည်ငြိမ်မှု ဖြစ်စေပါတယ်။
By Good Health
နိုင်လွန် အတွင်းခံဘောင်းဘီ ဝတ်တတ်တဲ့ အမျိုးသမီး အများစုဟာ မိန်းမကိုယ်မှ ယားယံပြီး အဖြူဆင်းတာ ဖြစ်တတ်ပါတယ်။ နိုင်လွန် သားဖြစ်ပြီး တင်းကျပ် နေတဲ့အတွက် ချွေးစုပ်ယူမှုမရှိဘဲ မိန်းမ ကိုယ်နေရာမှာ စွတ်စို နေ
တတ်တာကြောင့် မှိုပိုးတွေ အကြိုက်တွေ့ပြီး ပွားများနိုင်တာမို့ပါ။ ချည်သား အတွင်းခံ ဘောင်းဘီကို ပြောင်းလဲ ဝတ်ဆင်လိုက်တာနဲ့ ပူလောင်ပြီး ယားယံမှုက ၇၅ ရာခိုင်နှုန်း သက်သာ သွားနိုင်ပါတယ်။ ဒါ့အပြင် ကျွမ်းကျင်သူတွေက အောက်ပါ တို့ကို ပြုလုပ်ဖို့ အကြံပေးထားပါတယ်။
မြူဆိုင်းခြင်းကြောင့်ဖြစ်တတ်သည့် ကျန်းမာရေးပြဿနာများ
by popozaw 12.11.2012
လေထုအတွင်းမှာ ကာဗွန်ဒိုင်အောက်ဆိုက်၊ ကာဗွန်မိုနောက်ဆိုက်၊ နိုက်ထရိုဂျင် အောက်ဆိုက်၊ တခြားဓာတုပစ္စည်းတွေနဲ့ အမှုန်အမွှားတွေ ရောစပ်သွားရင် မြူဆိုင်း သွားပြီး ကျန်းမာရေးအတွက် အန္တရာယ် ရှိပါတယ်။ တော်ရုံတန်ရုံ မြူဆိုင်းသွား တာဟာ ကျန်းမာနေတဲ့ လူတွေအတွက် အန္တရာယ် သိပ်မများလှပေမယ့် နဂိုရှိပြီးသား ရောဂါတွေကိုတော့ ပိုမိုဆိုးရွား စေနိုင်ပါတယ်။ ေ
တာမီးလောင်ကျွမ်း သလိုမျိုး PSI (Pollutant Standards Index) ၁၀၀ မှတ်ထက်ကျော်သွားရင် လူတိုင်းအတွက် အောက်ပါ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
ဆောင်းရာသီမှာ လက်တွေ ခြောက်သွေ့နေပြီလား
by popozaw 12.11.2012
 လက်အရေပြားတွေဟာ အရေးကြောင်း ထင်တာထက် အရောင်ခြောက်သွေ့ ညစ်နွမ်းခြင်း၊ အရေပြားပါးလွှာကာ လျော့တွဲလာခြင်းနဲ့ မညီမျှတဲ့ အတွန့်ကြောင်းတွေ ပေါ်လာခြင်းစတဲ့ အသက်ကြီးကြောင်းပြသတဲ့ လက္ခဏာရပ် တွေကို ဖော်ညွှန်းပြသနေနိုင်ပါတယ်။ ဒါဟာ အသက်ကြီးလာခြင်းနဲ့ နေဒဏ်ခံရလွန်း ခြင်းတွေကြောင့် ဖြစ်တတ်သလို ဆောင်းရာသီလို အေးမြတဲ့ရာသီမှာ အဖြစ်များတဲ့ အရေပြားခြောက်သွေ့ခြင်း ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် လက်တွေ နူးညံ့စိုပြည်နေစေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းတွေကို အကြံပေးလိုက်ပါတယ်။
ဆောင်းရာသီတွင် ကျန်းမာစေရန်စားသုံးပါ
by popozaw on 12.11.2012
ခရမ်းချဉ်သီးဖျော်ရည်
ခရမ်းချဉ်းသီးဖျော်ရည်မှာ ဗီတာမင်စီများစွာ ပါဝင်တာကြောင့် အအေးမိဝေဒနာ မဖြစ်အောင် ကာကွယ်ပေးနိုင်သလို အအေးမိလာရင်တောင် ပြင်းပြင်းထန်ထန် မခံစားရစေပါဘူး။ ဒါ့ပြင် ခရမ်းချဉ်သီး ဖျော်ရည်ဟာ နှာရည်ယိုစေတဲ့ ဟစ်စတာမင်း (Histamine) ဓာတ်ကို ချေဖျက်ပေးပါတယ်။ ခရမ်းချဉ်သီးဖျော်ရည်မှာ ဘီတာကယ်ရိုတင်း လည်း များစွာပါဝင်တာကြောင့် ကူးစက်ပိုးတိုက်ခိုက်ပေးတဲ့ ဆဲလ်တွေကို ထွက်ရှိလာ စေပါတယ်။